SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သံတမန်အဆောက် အအုံများ အတွင်း ဝင်ရောက် ရှာဖွေမည့်အစီအစဉ်ကြောင့် ရုရှားက အမေ ရိကန် သံတမန်ကို ဆင့် ခေါ်ကန့်ကွက်

Monday, 04 September 2017 09:55 font size decrease font size decrease font size increase font size increase font size

မော်စကို  စက်တင်ဘာ 

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ရှိရုရှားသံတမန် အဆောက်အအုံ အတွင်းသို့ ဝင်ရောက်ရှာဖွေမည်ဟူ သောအစီ အစဉ်ကြောင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် သံရုံးမှ

လက် ထောက် အကြီးအကဲကို စက်တင်ဘာ ၂ ရက်တွင်ဆင့်ခေါ်၍ ကန့်ကွက်လိုက်ကြောင်း သိရသည်။အမေရိကန် အစိုးရသည် ဝါရှင်တန်၊ ဆန်ဖရန်စစ္စကိုနှင့်နယူးယောက်မြို့တို့ရှိ ကောင်စစ် ဝန်ရုံး တစ်ရုံးနှင့် အခြားသံတမန်အဆောက်အအုံနှစ်လုံးကို စက်တင်ဘာ ၂ ရက်နောက်ဆုံးထား၍ ပိတ် ရန်တောင်းဆိုထားသည်။

ထို့နောက် အဆိုပါသံတမန်အဆောက်အအုံများအတွင်း ဝင်ရောက် ရှာဖွေရန်စီစဉ်နေစဉ် ရုရှားအစိုးရက အမေရိကန်သံရုံးမှ လက်ထောက်အကြီးအကဲ အန်ထော်နီဂေါ့ဖရီကိုဆင့်ခေါ် ခြင်းဖြစ် သည်။ရုရှားသံတမန် အဆောက် အအုံများ အတွင်းသို့ သံအမှုထမ်းများ မရှိစဉ် ဝင်ရောက်ရှာဖွေ ရန်စီစဉ်ခြင်းသည် ရန်လိုသည့် အပြုအမူဖြစ်သည်ဟု ရုရှား အစိုးရက ယူဆထားသည်။

ယင်း သို့ရှာဖွေစဉ် အမေရိကန်ထောက်လှမ်းရေးများက  သံရုံးအဆောက်အအုံအတွင်း ပစ္စည်း များ ထား၍ ရုရှားဆန့်ကျင်ရေးရန်စမှုလုပ်ဆောင်မည်ကို ရုရှားအစိုးရက စိုးရိမ် မကင်းဖြစ် လျက် ရှိ သည်။ထိုသို့သော နိုင်ငံတကာဥပဒေကိုချိုးဖောက်သည့် တရားမဝင်ရှာဖွေမှုကိုရပ်တန့်ရန် အမေရိ ကန် အစိုးရကို တောင်းဆိုကြောင်းရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည့်ကြေ ညာ ချက် တွင်ဖော်ပြ ထားသည်။

Read 401 times Last modified on Monday, 04 September 2017 09:57