SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

နဝမအကြိမ်မြောက် BRICS စီးပွားရေး ထိပ်သီး ညီလာခံကို တရုတ်နိုင်ငံတွင်စတင်ကျင်းပ

Monday, 04 September 2017 10:02 font size decrease font size decrease font size increase font size increase font size

ရှားမင်  စက်တင်ဘာ 

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရှားမင်မြို့၌ BRICSအဖွဲ့၏နဝမ အကြိမ်မြောက် စီးပွားရေး ထိပ်သီးညီလာခံကို စက်တင်ဘာ၃ ရက် မွန်းလွဲပိုင်းတွင် စတင်ကျင်းပကြောင်းသိရသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အဆိုပါထိပ်သီးညီလာခံကို စက်တင်ဘာ ၅ ရက်အထိ ကျင်းပ ရန်စီစဉ် ထားပြီး   ဖွင့်ပွဲအခမ်းအနားတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်  တရုတ် သမ္မတရှီ ကျင့်ဖျင် ကမိန့် ခွန်းပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့်တောင် အာဖရိ ကနိုင်ငံတို့မှ ခေါင်းဆောင်များနှင့်စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကာစီးပွားရေး၊ လုံခြုံရေး၊ အကြမ်း ဖက်မှုနှင့် မူဝါဒရေးရာများကိုဆွေးနွေးမည်ဖြစ်သည်။

BRICS အဖွဲ့၏ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို ၂ဝဝ၆ ခုနှစ်တွင် ချမှတ်ခြင်းဖြစ်ပြီး ရည် ရွယ် ချက်မှာ ဘဏ္ဍာရေးနှင့်အွန်လိုင်းကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ကုန် သွယ်မှုနှင့် ရင်း နှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေရေး၊ အဖွဲ့ဝင်နိုင်ငံများတွင်အသုံးပြုသည့်ငွေကြေး စ နစ်ဖြင့် ငွေချေးစာချုပ်များထုတ်ဝေရေး၊ သိပ္ပံနှင့်နည်းပညာတီထွင်မှုအသစ်အဆန်းများနှင့် စက်မှု လုပ်ငန်း တွင် ပူးပေါင်းဆောင်ရွက်ရေး၊ အစိုးရ-ပုဂ္ဂလိကမိတ်ဖက်ပူးပေါင်းရေး  စသည့် ကဏ္ဍျားကိုတိုးမြှင့်လုပ်ဆောင်ရန်ဖြစ်သည်။

BRICS အဖွဲ့ဝင်နိုင်ငံများ၌ ဆယ်စုနှစ်တစ်ခုအတွင်း ဖြစ်ပွားသည့်တိုးတက်မှုသည်ပြည်သူ ၃ ဘီလီ ယံခန့်ကို အကျိုးဖြစ်ထွန်းစေပြီး ယင်းနိုင်ငံများ၏စုပေါင်းပြည်တွင်းအသား တင်ကုန် ထုတ် လုပ်မှု  ၁၇၉ ရာခိုင်နှုန်း၊ ကုန်သွယ်မှု ၉၄ ရာခိုင်နှုန်းတိုးတက်လာကာ  မြို့ပြ နေပြည် သူဦး ရေကိုလည်း ၂၈ ရာခိုင်နှုန်းအထိ တိုးချဲ့နိုင်ခဲ့ကြောင်း သိရသည်။အဆိုပါအဖွဲ့ကြီးကို BRIC အဖြစ် ၂ဝဝ၆ ခုနှစ်၌ တရားဝင်ဖွဲ့စည်းခဲ့သော်လည်း ၂ဝ၁ဝပြည့် နှစ် တွင် တောင်အာဖရိကနိုင်ငံက အဖွဲ့ဝင်အဖြစ်ဝင်ရောက်လာပြီးနောက် အဖွဲ့ကြီး၏ အမည်ကို BRICS  ဟု  ပြောင်း လဲ ခဲ့ခြင်းဖြစ် သည်။              

Read 432 times Last modified on Monday, 04 September 2017 10:05