SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဆက်ဆိုဖုန်းကိုမှုတ်ရင်း ဦးနှောက်အကျိတ်ခွဲစိတ်ခံသည့် ဂီတဆရာ

Monday, 04 September 2017 10:09 font size decrease font size decrease font size increase font size increase font size

လွန်ခဲ့သောနှစ်နှစ်ခန့်က အသက် ၂၅ နှစ်ရှိ ဒန်ဖာဘီယိုဆိုသူအမျိုးသားသည် နယူး ယောက်မြို့၌ ဂီတဆရာအဖြစ်အသက်မွေး ဝမ်းကျောင်းလုပ်ငန်းကို  လုပ်ကိုင်နေသူဖြစ်သည်။

ထို့နောက် ဖာဘီယိုသည် ထူးခြားသော အသံများကို စတင်ကြားလာရသည့် အတွက် ဦးနှောက် နှင့်  အာရုံကြောအထူးကုဆရာဝန်ထံသို့သွား၍   ခံစားနေရသည့်ဝေဒနာကိုတိုင်ပင်ရာ ဆရာ ဝန် ကဖာဘီ ယို ၏ဦးနှောက်ညာဘက်ခြမ်း၌  ကြက်ဥတစ်လုံးအရွယ်ရှိသော  အကျိတ်ဖြစ်ပေါ် နေပြီဖြစ် ကြောင်းပြောလိုက်သည်။

ထိုအချိန်တွင် ရိုချက်စတာတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့သည် ဖာဘီယိုထံသို့ ရောက်လာကာ တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့သည်။ ယင်းတောင်းဆိုမှုမှာ ၎င်းတို့ပြုလုပ် နေသောသု တေ သနဖြစ် သည့် ဦးနှောက်၏ မည်သည့်နေရာသည် တေးဂီတအားဖန်တီး သည်ကို သိရှိနိုင်ရန်အတွက် ၎င်းတို့နှင့်အတူ ပူးပေါင်းရန်ဖြစ်သည်။   ထိုကမ်းလှမ်းမှုကို ဖာဘီ ယို က လည်း သဘော တူ လိုက်သည်။ ယင်းသို့သဘောတူမှုကြောင့် ဖာဘီယိုက ဦးနှောက်အကျိတ်ခွဲစိတ်မှုခံနေစဉ် ၎င်းမှတ် မိသော တေး သီ ချင်းတစ်ပုဒ်ကို ဆက်ဆိုဖုန်း ဖြင့်မှုတ်ရခြင်းဖြစ်သည်။

ထို့ကြောင့်သာလျှင် ဆရာဝန်များသည် တေးဂီတဖြစ်ပေါ်စေသည့် ဦးနှောက်အစိတ် အပိုင်းကို ထိ ခိုက်စေခြင်းမရှိဘဲ ဖာဘီယို၏ ဦးနှောက်အတွင်းမှအကျိတ်ကို အောင်အောင် မြင်မြင်နှင့် ဖယ် ရှားလိုက်နိုင်ခြင်းဖြစ်သည်။ယခုအခါ ဖာဘီယိုသည်ကျန်းမာရေးပြန် လည်ကောင်းမွန်လာပြီဖြစ်ပြီး ဂီတပညာရပ် များကို ပြန်လည်သင်ကြားပေးနိုင်နေပြီဖြစ် သည်။

ဖာဘီယိုကဲ့သို့ ဦးနှောက်ခွဲစိတ်မှုခံယူစဉ် တေးဂီတတီးမှုတ်ခြင်းမှာ၎င်း တစ်ဦးတည်း မဟုတ်ပေ။ ၂ဝ၁၄ ခုနှစ်တွင် မင်နီဆိုးတား ပြည်နယ်မှ  တယောပညာရှင်တစ်ဦးသည် ဦး နှောက်ခွဲစိတ်မှုခံ ယူ စဉ်  တယောထိုးပြီး ယခုနှစ် အစောပိုင်းတွင်လည်း  အိန္ဒိယမှ အသက် ၃၇ နှစ်ရှိအမျိုးသား တစ်ဦးသည် လည်း ဦးနှောက်ခွဲစိတ်မှုခံယူစဉ် ဂစ်တာတီး ခဲ့သည်။              

Read 375 times Last modified on Monday, 04 September 2017 10:11