SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မိုးခေါင် ရေရှားမှုဒဏ် ခံစားရသော တောင်သူဦးကြီး များအား သြစတြေးလျက ဒေါ်လာ ၁ ဒသမ၈ ဘီလီယံတိုးမြှင့် ကူညီမည်

Monday, 20 August 2018 10:21 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ သြဂုတ် ၁၉

နှစ်ပေါင်း ၅ဝ အတွင်း အဆိုးရွားဆုံး ဖြစ်ပွားသည့် မိုးခေါင် ရေရှားမှု ဒဏ်ခံရသော ကျေးလက်ဒေသရှိ တောင်သူဦးကြီးများအား အစိုးရ အနေဖြင့် သြစတြေးလျ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထိ တိုးမြှင့်ထောက်ပံ့ သွားမည်ဟု သြစတြေးလျ ဝန်ကြီးချုပ် မဲကွန်းတန်းဘဲက ကတိပြု လိုက်ကြောင်း သိရသည်။

ကျေးလက်ဒေသများမှ ကျေးဇူးရှင် တောင်သူဦးကြီးများအား ကူညီရန် ဆုံးဖြတ် ထားပြီး ဖြစ်ကြောင်း၊ နယူးဆောက်ဝေး ပြည်နယ်သည် မိုးခေါင်ရေရှားမှု ဒဏ်ကို အများဆုံး ခံရသည့် ဒေသဖြစ်ပြီး ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်းမှစ၍ ယခုနှစ်သည် မိုးခေါင်ရေရှားမှု အရှည်ကြာဆုံး နှစ်ဖြစ်ကြောင်း တန်းဘဲက ၄င်း၏ ဖေ့စဘွတ် လူမှုကွန်ရက် စာမျက်နှာတွင် ရေးထားသည်။

မိုးခေါင်ရေရှားမှု ပြဿနာကြောင့် နိုင်ငံအတွင်း၌ ဆန်စပါးနှင့် ကောက်ပဲသီးနှံများစွာ ပျက်စီးဆုံးရှုံး ရသဖြင့် ၂ဝ၁၈ ခုနှစ်နှင့် ၂ဝ၁၉ ခုနှစ်အတွင်း ဂျုံတင်ပို့မှုနှုန်းမှာ ၁၁  နှစ်အတွင်း အနိမ့်ဆုံးအထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

နွေဦးရာသီတွင် နိုင်ငံတောင်ပိုင်း၌ ခြောက်သွေ့သည့် အခြေအနေမှာ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သြစတြေးလျ မိုးလေဝသ ဌာန၏ ရာသီဥတု အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နယူးဆောက် ဝေးပြည်နယ်အရှေ့ဘက်၊ ကမ်းရိုးတန်း အရှေ့ဘက်နှင့် ကွင်းစလန်း ပြည်နယ်အတွင်းရှိ မိုးခေါင် ရေရှားမှု ဒဏ်ခံရသော စီရင်စု ၆ဝ သို့ ဒေသဆိုင်ရာ အခြေခံ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ရန်ပုံငွေအတွက် သြစတြေးလျ ဒေါ်လာ ၇၅ သန်း သုံးစွဲရန် အစိုးရက စီစဉ်ထားပြီး တောင်သူလယ်သမားများအတွက် ချေးငွေကို နှစ်ဆတိုးချေး ပေးရန်လည်း စီစဉ်ထားသည်။

သြစတြေးလျ ဝန်ကြီးချုပ် မဲကွန်းတန်းဘဲသည် တောင်သူလယ်သမားများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်ရန် စေ့စပ်ညှိနှိုင်း သူများကို ခန့်အပ်ထားပြီး ဖြစ်ကြောင်း ပြောသည်။

နိုင်ငံအတွင်း မိုးခေါင်ရေရှားမှု ပြဿနာကြောင့် နိုင်ငံ၏ စီးပွားရေး အခြေအနေ ဆုတ်ယုတ် နိုင်ကြောင်းနှင့် ခြောက်သွေ့မှု အခြေအနေကြောင့် လယ်ယာ ထွက်ကုန်များ လျော့ကျမည် ဖြစ်ကြောင်း သြစတြေးလျ ဗဟိုဘဏ်မှ အုပ်ချုပ်ရေးမှူး ဖိလစ်လိုဝီက သြဂုတ် ၁၈ ရက်တွင် ကျင်းပသော လွှတ်တော် ကော်မတီ အစည်းအဝေး၌ ပြောသည်။

Ref: The Straits Times

Read 269 times Last modified on Monday, 20 August 2018 10:27