SJ WorldNews - шаблон joomla Авто

အမေရိကန်ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှု အသစ်ကို တရုတ် ဆန့်ကျင်ကန့်ကွက်

Saturday, 05 August 2017 19:35 font size decrease font size decrease font size increase font size increase font size

ပေကျင်း   သြဂုတ်  

အမေရိကန်ပြည်ထောင်စုက ရုရှား၊အီရန်နှင့် မြောက်ကိုရီးယား နိုင်ငံတို့အပေါ် မကြာ သေးမီက ချမှတ်လိုက်သော အရေးယူပိတ်ဆို့မှု အသစ်များကို တရုတ်နိုင်ငံက ဆန့်ကျင်ကန့် ကွက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက   ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောသည်။

ထို့ပြင် နိုင်ငံတစ်နိုင်ငံက အခြားမည်သည့် နိုင်ငံကိုမဆို တစ်ဖက်သတ် အရေးယူပိတ်ဆို့ မှုများအားလုံးကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခြင်း ဖြစ်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှုမှန်သမျှကို  အမြဲတမ်းဆန့်ကျင် ကန့်ကွက်ကြောင်း၊ မတူညီသော နိုင်ငံများအကြား အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် သင့်လျော်ပြီးညီမျှသော တွေ့ဆုံဆွေးနွေး မှုမှ တစ်ဆင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယား၊ အီရန်နှင့် ရုရှားနိုင်ငံတို့အပေါ် ချမှတ်သည့်ဥပဒေကြမ်းကို  သြဂုတ် ၂ ရက်တွင် လက်မှတ်ထိုးလိုက်ခြင်း ဖြစ်သည်။

၎င်းအရေးယူ ပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏ ကာကွယ်ရေး၊ ထောက်လှမ်းရေး၊ မီး ရထား စက်မှုလုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးနှင့် သတ္တုတူးဖော်ရေး ကဏ္ဍတို့ကို အဓိက ပစ်မှတ်ထားခြင်းဖြစ်ပြီး ရုရှားဘဏ်များနှင့် စွမ်းအင်ကုမ္ပဏီများအပေါ် ကန့်သတ်ချက် များပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါအရေးယူ ပိတ်ဆို့မှုဥပဒေတွင် အမေရိကန် သမ္မတတစ်ဦး၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်သည့် အချက်များလည်း ထည့်သွင်းထားကြောင်း သိရသည်။

Read 450 times Last modified on Saturday, 05 August 2017 19:35