SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လှုပ်ရှားမှုတိုင်းကို ကောင်းကင်ယံမှ တိတ်တဆိတ် စောင့်ကြည့်မည့် မောင်းသူမဲ့ လေသင်္ဘော

Monday, 03 September 2018 10:01 font size decrease font size decrease font size increase font size increase font size

ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ရယူနိုင်သော စွမ်းဆောင်ရည်မြင့် ကင်မရာများ တပ်ဆင်ထားသည့် မောင်းသူမဲ့ လေသင်္ဘောသည် ကောင်းကင်ယံမှ တိတ်တဆိတ်ပျံသန်းကာ မြေပြင်တွင် ဖြစ်ပျက်သမျှကို စောင့်ကြည့်နိုင်မည် ဖြစ်သည့်အတွက် ကယ်ဆယ်ရေးနှင့် ရဲတပ်ဖွဲ့၏ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းစေသော ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိသည့် အီယွန်အမည်ရှိ ထိုလေသင်္ဘောကို ဗြိတိန်လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် အေဗလွန်အဲရှစ် ကုမ္ပဏီက ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်းဖြစ်သည်။ အလိုအလျောက် ပျံသန်းနိုင်သော အီယွန်သည် ရေပေါ်တွင်လည်း ရပ်နားနိုင်မည် ဖြစ်သည့်အတွက် လူများရောက်ရှိရန် ခက်ခဲသော နေရာများသို့ အလွယ်တကူ သွားလာနိုင်မည်ဖြစ်သည်။ နှစ်ထပ်ဘတ်စကား တစ်စီး၏ အရွယ်အစားနှင့် ညီမျှသည့် ထိုလေသင်္ဘောကို အမျိုးမျိုးသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်မည်ဟု အေဗလွန်အဲရှစ် ကုမ္ပဏီက အခိုင်အမာ ဆိုထားသည်။ ထိုလေသင်္ဘောကို အရေးပေါ် လူနာတင်ယာဉ် အဖြစ်လည်းကောင်း၊ ကင်းထောက်လေယာဉ် အဖြစ်လည်းကောင်း၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သည့် လုပ်ငန်းကိစ္စအဝ၀ တွင်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ၎င်းကိုအရေးပေါ် လူနာတင်ယာဉ်အဖြစ် အသုံးပြုရာတွင် မြေပြင်ရှိ တစ်စုံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိနေပါက အီယွန်တွင် ချိတ်ဆက်ပါဝင်သော သေးငယ်သည့် ဒရုန်းတစ်စင်းက အရေးပေါ် နှလုံးနှိုးစက် အပါအဝင် ဆေးဝါးပစ္စည်းများကို သယ်ဆောင်ကာ ထိုထိခိုက်ဒဏ်ရာ ရရှိနေသူထံသို့ ပျံသန်းသွားမည် ဖြစ်သည်။ လေထဲတွင် လျင်မြန်စွာ သွားလာနိုင်သည့် ပုံစံရှိသော အီယွန်တွင် စွမ်းဆောင်ရည်မြင့် လျှပ်စစ်မော်တာများ တပ်ဆင်ထားသောကြောင့် သာမန်လေသင်္ဘော များထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သည့်နှုန်းဖြင့် သွားနိုင်မည်ဖြစ်သည်။ လေပေါ်တွင်မူ ဟီလီယံ ဓာတ်ငွေ့အသုံးပြု၍ အချိန်ကြာမြင့်စွာ တည်ရှိနေနိုင်မည်ဖြစ်သည်။ ထို့ပြင် လျှပ်စစ်မော်တာ များကိုသာ အသုံးပြုထားသောကြောင့် လေကိုခွင်း၍ သွားလာစဉ်တွင်လည်း မိုင် ၃၀ဝ အထိကို တိတ်ဆိတ်စွာ သွားလာနိုင်မည်ဖြစ်သည်။ ယာဉ်ဆင်းဂီယာများ မပါဝင်သည့် အတွက် ရေပေါ်မှပင် ပျံတက်၊ ပျံဆင်းလုပ်ဆောင်နိုင်သည်။ ထို့ကြောင့် မြို့ပြဒေသများတွင် ထိန်းသိမ်းထားရှိရန် အတွက်မှာမူ ပူပန်နေရဆဲဖြစ်သည်။ အီယွန်ကို လေပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်စေရန်အတွက် ဆိုလာပြားများ၊ လေအားလျှပ်စစ်ထုတ် စက်များနှင့် ဘက်ထရီ များကိုလည်း ထည့်သွင်းတပ်ဆင် ပေးသွားမည်ဟု မန်ချက်စတာမြို့ အခြေစိုက် အေဗလွန်အဲရှစ် ကုမ္ပဏီက ပြောသည်။ ထို့ပြင် အီယွန်တွင် ရဟတ်လေးခုပါဒရုန်း တစ်စင်းလည်း ပါဝင်မည်ဖြစ်ပြီး မြေပြင်တွင် ဒုက္ခရောက်နေသူများ ထံသို့ အဝတ်များ၊ အရေးပေါ် နှလုံးနှိုးစက်များ၊ အပူပေးစက် အသေးစားများ၊ အစားအစာများနှင့် ဆေးဝါးများကို ထိုဒရုန်းက ယူဆောင်သွားပေးမည် ဖြစ်သည်ဟု ယင်းကုမ္ပဏီက ၎င်းတို့၏ ဝက်ဆိုက်တွင် ရေးသားထားသည်။

Ref: Mail Online

Read 153 times Last modified on Monday, 03 September 2018 10:02