SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဂျပန်သို့ ယခုနှစ်၏ အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မည် ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်

Monday, 03 September 2018 10:02 font size decrease font size decrease font size increase font size increase font size

တိုကျို စက်တင်ဘာ ၂

ဂျပန်နိုင်ငံသို့ ယခုနှစ်၏ အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဂျေဘီတိုက်ခတ်မည် ဖြစ်သည့်အတွက် စက်တင်ဘာ ၂ ရက်တွင် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဒေသများစွာတွင် မြေပြိုမှု၊ ရေကြီးမှုနှင့် ကြီးမားသော လှိုင်းလုံးများ ဖြစ်ပွားနိုင်မှုဆိုင်ရာ သဘာဝ ဘေးအန္တရာယ် သတိပေးချက်များကို ထုတ်ပြန်ထားသည်။ ဂျေဘီတိုင်ဖွန်း မုန်တိုင်းသည် နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသသို့ စက်တင်ဘာ ၄ ရက်တွင် ၁ နာရီလျှင် ၂၅၂ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်မည်ဟု ခန့်မှန်းရကြောင်း ဂျပန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် နိုင်ငံအနောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ ချဉ်းကပ် တိုက်ခတ်လာမည်ဟု ခန့်မှန်းရကြောင်း အဆိုပါဌာနက ဆက်ပြောသည်။ တိုင်ဖွန်းမုန်တိုင်း၏ လမ်းကြောင်းသည် ဇူလိုင်လအတွင်း စံချိန်တင် မိုးရွာသွန်းပြီး ရေကြီးမှုနှင့် မြေပြိုမှုကြောင့် လူ ၂၂၀ ကျော်သေဆုံးသည့် ဂျပန်နိုင်ငံ အနောက်ပိုင်း ချူဂိုဒေသသို့ ဦးတည်နေကြောင်း သိရသည်။ ဇူလိုင်လအတွင်း ချူဂိုကူဒေသ၌ ဖြစ်ပွားသော သဘာဝ ဘေးအန္တရာယ်သည် ဂျပန်နိုင်ငံ၌ ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး သဘာဝ ဘေးအန္တရာယ် ကျရောက်မှုဖြစ်သည်။ ဂျေဘီတိုင်ဖွန်း မုန်တိုင်းသည် ဂျပန်နိုင်ငံမှ ကီလိုမီတာ ရာပေါင်းများစွာဝေးသည့် ပစိဖိတ် သမုဒ္ဒရာ အတွင်း၌ တည်ရှိနေပြီး မကြာမီယခုနှစ်၏ အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်ကြောင်း ဒေသတွင်း သတင်းဌာနက ထုတ်ပြန်သည်။ မိုးလေဝသဌာနသည် ဂျပန်နိုင်ငံ အနောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဒေသခံ ပြည်သူများကို ရေကြီးမှု၊ မြေပြိုမှုနှင့် ပင်လယ်ပြင်၌ လှိုင်းထန်မှု ဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။ မုန်တိုင်းတိုက်ခတ်စဉ် မိုးသည်းထန်စွာ ရွာသွန်းမည် ဖြစ်သည့်အတွက် ဂျပန်နိုင်ငံ အနောက်ပိုင်း နာဂါတိုမြို့ရှိ ဒေသခံ ၂၇၀ဝ၀ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း သိရသည်။

Read 214 times Last modified on Monday, 03 September 2018 10:03