SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တရုတ်နိုင်ငံ၌ ရေကြီးမှုဖြစ်ပွား၊ ငါးဦးသေဆုံးပြီး ၁၆ ဦးပျောက်ဆုံး

Monday, 03 September 2018 10:10 font size decrease font size decrease font size increase font size increase font size

ပေကျင်း စက်တင်ဘာ ၂

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ စက်တင်ဘာ ၂ ရက်တွင် ရေကြီးမှု ဖြစ်ပွားရာ လူငါးဦးသေဆုံးပြီး ၁၆ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်း တာဝန်ရှိသူများက ပြောသည်။ စက်တင်ဘာ ၂ ရက်တွင် နာရီအနည်းငယ်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မန်တုန်မြို့နှင့် မာလီပိုစီရင်စုတို့၌ ရေကြီးမှုစတင် ဖြစ်ပွားကြောင်း သိရသည်။ ရေကြီးမှုကြောင့် ငါးဦးဒဏ်ရာရရှိပြီး လူနေအိမ်များပျက်စီးခြင်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခြင်းနှင့် မြေကျွံကျမှုများ ဖြစ်ပွားကြောင်း သိရသည်။ အဆိုပါဒေသကို ပြည်သူ့ရေးရာနှင့် မိုးလေဝသ အာဏာပိုင်များက အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ထားကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 234 times Last modified on Monday, 03 September 2018 10:11