×

Warning

JUser: :_load: Unable to load user with ID: 107
Print this page

ဒူတာတေ၏ အစ္စရေးနိုင်ငံ ခရီးစဉ်တွင် စစ်လက်နက်ပစ္စည်း ဝယ်ယူရေး ဆွေးနွေးမည်

Monday, 03 September 2018 10:12 font size decrease font size decrease font size increase font size increase font size

မနီလာ စက်တင်ဘာ ၂

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေသည် အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံသို့ အလည်အပတ် ခရီးစဉ်ကို စက်တင်ဘာ ၂ ရက်တွင်စတင်ပြီး ထိုခရီးစဉ်အတွင်း အစ္စရေးနိုင်ငံမှ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက် အဓိက ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အစ္စရေးနိုင်ငံသို့ လေးရက်ကြာ အလည်အပတ် သွားရောက်သည့် ဒူတာတေ၏ ခရီးစဉ်သည် နှစ်ပေါင်း ၆၀ ကျော်အကြာတွင် ဖိလစ်ပိုင် သမ္မတက အစ္စရေးသို့သွားသည့် ပထမဆုံး ခရီးစဉ်ဖြစ်သည်။ ထို့ပြင် ၎င်း၏မူးယစ်ဆေးဝါး နှိမ်နင်းမှုကြောင့် ကမ္ဘာကျော်သည့် ဒူတာတေ၏ အစ္စရေးနိုင်ငံ ခရီးစဉ်သည် ကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှုများစွာကို ဖြစ်ပေါ်စေကြောင်း သိရသည်။ ဒူတာတေ၏ ကိုယ်စားလှယ်အဖွဲ့တွင် စစ်ဘက်နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပါဝင်ပြီး ၎င်းသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအပြင် အစ္စရေး၌ အလုပ်လုပ်ကိုင်နေသော ဖိလစ်ပိုင်ရွှေ့ပြောင်း အလုပ်သမား အချို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ဒူတာတေသည် ဖိလစ်ပိုင်နိုင်ငံကို အမေရိကန် ပြည်ထောင်စုအပေါ် မှီခိုမှုကင်းစေရေး အဓိက ပြုလုပ်နေပြီး တရုတ်၊ ရုရှားနိုင်ငံတို့နှင့် သံတမန်ရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုရင်းနှီးစေရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်။ ယင်းခရီးစဉ်သည် စစ်ဘက်နှင့် ရဲတပ်ဖွဲ့အတွက် လက်နက်များရှာဖွေ ဝယ်ယူမည့် ခရီးစဉ်ဖြစ်ကြောင်း ဖိလစ်ပိုင်တက္ကသိုလ်ရှိ နိုင်ငံတကာ ဆက်ဆံရေး ကျွမ်းကျင်ပညာရှင် ဟီနီလီတိုကပြောသည်။ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ လက်နက်ဝယ်ယူသည့် အဓိက နိုင်ငံဖြစ်လာပြီး အစ္စရေးက ဖိလစ်ပိုင်သို့ အမေရိကန်ဒေါ်လာ ၂၁ သန်းတန်ဖိုးရှိ ရေဒါနှင့် တင့်ဖျက်လက်နက်များ ရောင်းချခဲ့ကြောင်း သိရသည်။

Read 276 times Last modified on Monday, 03 September 2018 11:37