SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တရုတ်က အာဖရိကဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၆ဝ ကူညီမည်

Tuesday, 04 September 2018 09:58 font size decrease font size decrease font size increase font size increase font size

ပေကျင်း စက်တင်ဘာ ၃

တရုတ်နိုင်ငံအနေဖြင့် အာဖရိကဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၆ဝ ကို ဘဏ္ဍာရေး အကူအညီအဖြစ် ပေးအပ်မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၃ ရက်တွင် ပြောသည်။ တရုတ်နိုင်ငံသည် အဆိုပါ ငွေကြေးများကို အစိုးရသို့ ထောက်ပံ့မှုပုံစံအပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများသို့ အကူအညီ ပေးမည့် ပုံစံအဖြစ်ပါ ပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်-အာဖရိက ထိပ်သီးဆွေးနွေးပွဲ၏ အဖွင့်မိန့်ခွန်းတွင် ရှီကျင့်ဖျင်က ပြောခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် အာဖရိကမှ တင်သွင်းနေသည့် ကုန်ပစ္စည်းပမာဏကို တိုးမြှင့်တင်သွင်းမည် ဖြစ်ပြီး အာဖရိကငွေကြေး အဖွဲ့အစည်းများ၏ ငွေချေးစာချုပ်များ ထုတ်ဝေမည့် အစီအစဉ်ကိုလည်း လွယ်ကူ ချောမွေ့စေရန် အကူအညီပေးမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ တရုတ်နိုင်ငံက ထောက်ပံ့သည့် ငွေကြေးအကူအညီများသည် အနှစ်သာရကင်းမဲ့သည့် စီမံကိန်းများတွင် အသုံးပြုရန် မဟုတ်ဘဲ အာဖရိက ဒေသတွင်း၌ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးမှုမရှိသည့် အခြေအနေများကို ဖယ်ရှားခြင်းတို့တွင် အသုံးပြုသွားမည် ဖြစ်သည်ဟု ရှီကျင့်ဖျင်က ဆိုသည်။ တရုတ်ကုမ္ပဏီများ အနေဖြင့်လည်း အာဖရိကဒေသတွင် ပါဝင်လုပ်ဆောင်ရာ၌ ဒေသခံ ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် အပေါ် လေးစားမှုရှိရန် လိုအပ်ကြောင်း ၎င်းကအလေးပေးပြောသည်။ တရုတ်နိုင်ငံသည် အာဖရိက ဒေသရှိ နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို ဝေမျှဖလှယ်ခြင်းနှင့် အာဖရိကဒေသ ချမ်းသာကြွယ်ဝရေး အတွက် တတ်စွမ်းသလောက် အကူအညီပေးခြင်းသာ ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်ဟု သိရသည်။

Read 146 times Last modified on Tuesday, 04 September 2018 09:59