SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားကို ဆဲဆိုမှုအတွက် ဖိလစ်ပိုင်သမ္မတ တောင်းပန်

Tuesday, 04 September 2018 09:59 font size decrease font size decrease font size increase font size increase font size

ဂျေရုဆလင် စက်တင်ဘာ ၃

၂ဝ၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အပြစ်တင်ဝေဖန်သည့် အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားကို မိန်းမပျက်၏ သားဟုဆဲဆိုခဲ့မှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေက အိုဘားမားကို စက်တင်ဘာ ၂ ရက်တွင် တောင်းပန်ကြောင်း သိရသည်။ ဒူတာတေသည် ၎င်း၏အကြမ်းဖက် မူးယစ်ဆေးဝါး နှိမ်နင်းမှုနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု၏ အပြစ်တင်ဝေဖန်မှုကို ဆဲဆိုမှုဖြင့် တုံ့ပြန်သဖြင့် နှစ်နိုင်ငံမဟာမိတ် ဆက်ဆံရေးကို ဆိုးဝါးစေခဲ့သည်။ သို့သော် အမေရိကန်နှင့် ဖိလစ်ပိုင်ဆက်ဆံရေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် တိုးတက်လာကြောင်း ဒူတာတေက ပြောသည်။ ယခုအချိန်တွင် အိုဘားမားသည် အရပ်သား တစ်ဦးဖြစ်သည့်အတွက် ပြောဆိုရန် သင့်တော်ကြောင်းနှင့် ၎င်းအနေဖြင့် ဆဲဆိုမိသည့် အတွက်တောင်းပန်ကြောင်း ဒူတာတေက အစ္စရေးနိုင်ငံ၌ ဖိလစ်ပိုင်နိုင်ငံသားများနှင့် မတွေ့ဆုံမီပြောသည်။ ဒူတာတေသည် အစ္စရေးနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ်အဖြစ် စက်တင်ဘာ ၂ ရက်တွင် ရောက်ရှိပြီး ယင်းနိုင်ငံရှိ ဖိလစ်ပိုင်ရွှေ့ပြောင်း အလုပ်သမားများကို ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း ဝယ်ယူရေး အဓိက ဆွေးနွေးမည်ဖြစ်သည်။ ဒူတာတေသည် ၂ဝ၁၆ ခုနှစ်တွင် ရွေးကောက်ပွဲ၌ အနိုင်ရရှိပြီးနောက် အပြစ်တင် ဝေဖန်မှုများကို ဆဲဆိုသော စကားများ အသုံးပြုမှုဖြင့် နာမည်ရလာပြီး ၎င်း၏ လက်ထောက်များက ဖြေရှင်းရန် ကြိုးပမ်းခဲ့ရကြောင်း သိရသည်။

Ref: AFP

Read 124 times Last modified on Tuesday, 04 September 2018 10:00