×

Warning

JUser: :_load: Unable to load user with ID: 107
Print this page

အမေရိကန်၏ ကန့်ကွက်မှုနှင့် ခြိမ်းခြောက်မှု ရှိသော်လည်း အိန္ဒိယကရုရှားမှ S-400 ဒုံးကျည် ကာကွယ်ရေး စနစ်ကိုဝယ်မည်

Tuesday, 04 September 2018 10:00 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ စက်တင်ဘာ ၃

အမေရိကန်၏ကန့်ကွက်မှုနှင့် ခြိမ်းခြောက်မှုများ ရှိနေသော်လည်း အိန္ဒိယနိုင်ငံ အနေဖြင့် ရုရှားနိုင်ငံထုတ် S-400 ဒုံးကျည်ကာကွယ်ရေး စနစ်ကို ဝယ်ယူသွားမည်ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူများ၏ ပြောဆိုချက်ကို ကိုးကား၍ PTI သတင်းဌာနက ထုတ်ပြန်သည်။ အိန္ဒိယအစိုးရသည် S-400 ဒုံးကျည်ကာကွယ်ရေး စနစ်ဝယ်ယူရေးအတွက် ရုရှားနိုင်ငံနှင့် သဘောတူညီချက် ချမှတ်ရန် နီးစပ်လာပြီဖြစ်ကြောင်း၊ အဆိုပါ လက်နက်ဝယ်ယူရေးနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရကို အသိပေး အကြောင်းကြားမည် ဖြစ်ကြောင်း အမည် မဖော်လိုသည့် အိန္ဒိယအရာရှိကြီး တစ်ဦးက PTI သတင်းဌာနသို့ပြောသည်။ ထို့ပြင် ရုရှားထံမှ လက်နက် ဝယ်ယူမှုကြောင့် အိန္ဒိယနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု မလုပ်ရန် အိန္ဒိယ အစိုးရက အမေရိကန်ကို တောင်းဆိုမည်ဖြစ်ပြီး ရုရှားနှင့် အိန္ဒိယအကြားရှိ ကာလရှည်ကြာ နေပြီဖြစ်သည့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားပေးရေး တောင်းဆိုရန် စီစဉ်ထားကြောင်း သိရသည်။ ဒုံးကျည်ကာကွယ်ရေး စနစ်ဝယ်ယူရေးအတွက် အိန္ဒိယနှင့် ရုရှားတို့အကြား ဆွေးနွေးမှုသည် ယခုအခါ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေး ဝန်ကြီး နီယာမာဆီသာရာမန်က အစောပိုင်းတွင် ပြောသည်။ ရုရှားနိုင်ငံထုတ် S-400 ဒုံးကျည်ကာကွယ်ရေး စနစ်သည် အမေရိကန်ကို အမျိုးမျိုးသော အခက်အခဲများ ဖြစ်ပေါ်စေသည်ဟု အမေရိကန် လက်ထောက်ကာကွယ်ရေးဝန်ကြီး ရန်းဒေါရှရိုက်ဗာက သြဂုတ်လနှောင်းပိုင်းတွင် ပြောထားကြောင်း သိရသည်။

Ref: Sputnik

Read 196 times Last modified on Tuesday, 04 September 2018 10:00