SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အမေရိကန်၏ ဖိအားပေးမှုကြောင့် အီရန်မှ ရေနံဝယ်ယူမှုကို ရပ်ဆိုင်းရန် ဂျပန်စီစဉ်

Tuesday, 04 September 2018 10:06 font size decrease font size decrease font size increase font size increase font size

တိုကျို စက်တင်ဘာ ၃

အီရန်နိုင်ငံမှ ရေနံဝယ်ယူသည့် နိုင်ငံများကို အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု အမေရိကန် အစိုးရက ဖိအားပေးလျက် ရှိသောကြောင့် ဂျပန်အစိုးရသည် အောက်တိုဘာ လမှစ၍ အီရန်မှ ရေနံဝယ်ယူမှုကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း ဒေသတွင်း သတင်းဌာနက ဖော်ပြသည်။ ဂျပန်အစိုးရသည် အီရန်နိုင်ငံမှ ရေနံတင်သွင်းမှုကို ရပ်ဆိုင်းမည့် တရားဝင်စာကို ထုတ်ပြန်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း Jiji Press သတင်းဌာနနှင့် အခြားဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။ ဂျပန်အစိုးရသည် အမေရိကန်နှင့် ဆွေးနွေးပြီးနောက် အီရန်မှ ရေနံဝယ်ယူတော့မည် မဟုတ်ကြောင်း တရားဝင်စာကို ထုတ်ပြန်မည်ဟု ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၃ ရက်တွင် အတည်ပြုထားသည်။ သို့သော် အသေးစိတ် မေးမြန်းချက်များကို ဖြေကြားရန် ၎င်းကငြင်းဆိုထားသည်။ အီရန်မှ ရေနံတင်သွင်းမှုကို ရပ်ဆိုင်းမည့် အစီအစဉ်နှင့် ပတ်သက်၍ ဂျပန်ရေနံတင်သွင်းသူများက အတည်ပြုရန် ငြင်းဆိုထားသည်။ အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် စောင့်ကြည့်လျက်ရှိကြောင်း သို့သော် ၎င်းအကြောင်းအရာနှင့် ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာ မပေးနိုင်ကြောင်း ရှိုဝါရှဲဆက်ကီယု ကုမ္ပဏီမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက AFP သတင်းဌာနသို့ပြောသည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများ ချုပ်ဆိုထားသော အီရန်နျူကလီးယား သဘောတူ စာချုပ်မှ မေလတွင်နုတ်ထွက်ပြီး အီရန်နှင့် ကုန်သွယ်သည့် နိုင်ငံများကို အရေးယူ ပိတ်ဆို့မည်ဟု သြဂုတ်လတွင် ကြေညာခဲ့သည်။ အမေရိကန်၏ ဒုတိယအဆင့် အရေးယူ ပိတ်ဆို့မှုတွင် အီရန်၏ ရေနံဈေးကွက်နှင့် ဘဏ်လုပ်ငန်းတို့ကို ပစ်မှတ်ထားပြီး အဆိုပါ အရေးယူ ပိတ်ဆို့မှုသည် နိုဝင်ဘာ ၅ ရက်တွင် စတင်အသက်ဝင်မည် ဖြစ်သည်။ ဂျပန်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသမှ ရေနံတင်သွင်းမှုကို အဓိက အားထားရသည့် နိုင်ငံဖြစ်သော်လည်း ၂ဝ၁၇ ခုနှစ်တွင် အီရန်မှရေနံ ၅ ဒသမ ၃ ရာခိုင်နှုန်းသာ ဝယ်ယူခဲ့ကြောင်း သိရသည်။

Ref: The Straits Times

Read 186 times Last modified on Tuesday, 04 September 2018 10:10