SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဆက်ဆံရေးရုံး ဖွင့်လှစ်မည့် အချိန်နှင့် ပတ်သက်၍ ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေး

Tuesday, 04 September 2018 10:12 font size decrease font size decrease font size increase font size increase font size

ဆိုး စက်တင်ဘာ ၃

ကိုရီးယားနှစ်နိုင်ငံအကြား ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ထားရှိမည့် ဆက်ဆံရေးရုံး ဖွင့်လှစ်မည့် အချိန်နှင့် ပတ်သက်၍ တောင်-မြောက်ကိုရီးယား နိုင်ငံတို့မှ တာဝန်ရှိသူများ ဆွေးနွေးလျက်ရှိသည်ဟု တောင်ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောသည်။ မြောက်ကိုရီးယား နိုင်ငံသို့ တောင်ကိုရီးယား နိုင်ငံမှ အထူးသံတမန်အဖွဲ့ရောက်ရှိချိန်တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်မည့်ရက်ကို သတ်မှတ်မည်ဖြစ်ကြောင်း ပေါင်းစည်းရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဆက်ဆံရေးရုံး ဖွင့်လှစ်မည့်နေရာကို အပြီးသတ် သတ်မှတ်ထားပြီး ဖြစ်သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက ဆွေးနွေးလျက်ရှိသည်။ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် နှစ်နိုင်ငံ နယ်စပ်ဖြစ်သော ပန်မွန်ဂျုံ ကျေးရွာ၌ ဧပြီ ၂၇ ရက်တွင် ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် မြောက်ကိုရီးယား နယ်စပ်မြို့ဖြစ်သော ကေဆုန်မြို့၌ ဆက်ဆံရေးရုံးကို ပူးပေါင်းဖွင့်လှစ်ရန် သဘောတူခဲ့သည်။ အဆိုပါ ဆက်ဆံရေးရုံးကို ပြီးခဲ့သည့်လတွင် ဖွင့်လှစ်ရန် မျှော်မှန်းထားသော်လည်း နျူကလီးယား ဖျက်သိမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အမေရိကန်နှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား တင်းမာမှု အခြေအနေကြောင့် နှောင့်နှေးခဲ့ရသည်။

Ref:Xinhun

Read 150 times Last modified on Tuesday, 04 September 2018 10:13