SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တောင်ကိုရီးယား အစိုးရက ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ကာကွယ်ရေး စီမံချက်များ ပြုလုပ်မည်

Tuesday, 04 September 2018 10:13 font size decrease font size decrease font size increase font size increase font size

ဆိုး စက်တင်ဘာ ၃

ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုများတွင် ဒရုန်းများကို ပိုမိုအသုံးပြုလာသည့် အတွက် တောင်ကိုရီးယား အစိုးရ အနေဖြင့် ဒရုန်းဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ကာကွယ်ရန် စီမံချက်များ ပြုလုပ်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၃ ရက်တွင်ပြောသည်။ ပြီးခဲ့သည့်လတွင် ဗင်နီဇွဲလားနိုင်ငံ၏ စစ်ရေးပြ အခမ်းအနား တစ်ခု၌ သမ္မတ နီကိုလပ်မာဒူရိုကို ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင် လာသော ဒရုန်းများဖြင့် လုပ်ကြံရန် ကြိုးပမ်းမှု ဖြစ်ပွားပြီးနောက် ဒရုန်းဖြင့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၊ စစ်ဘက်နှင့် ထောက်လှမ်းရေး အေဂျင်စီကဲ့သို့ အကြမ်းဖက်မှု နှိမ်နင်းရေး ဝန်ကြီးဌာနများမှ တာဝန်ရှိသူများသည် စက်တင်ဘာ ၃ ရက်တွင် ပုံမှန်အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ပြီး ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ကာကွယ်ရန် စီမံချက်များကို ဆွေးနွေးကြောင်း အစိုးရ မူဝါဒညှိနှိုင်းရေး ရုံးကပြောသည်။ ဆွေးနွေးပွဲတွင် အဓိက ပြည်တွင်း အခမ်းအနားများနှင့် အခမ်းအနားအတွက် အသုံးပြုသည့် အဆောက်အအုံများကို ဒရုန်းဖြင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေးအတွက် ပြင်ဆင်ရန်နှင့် သက်ဆိုင်ရာ အေဂျင်စီများက ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ကာကွယ်ရေးအတွက် စီမံချက်များ ရေးဆွဲရန် ဆုံးဖြတ်ကြောင်း သိရသည်။ ထို့ပြင် သရီးဒီပရင်တာများဖြင့် အလွယ်တကူ ထုတ်ယူနိုင်သည့် သေနတ်များနှင့် အခြားလက်နက်များကို အကြမ်းဖက် တိုက်ခိုက်မှုများအတွက် အသုံးပြုနိုင် သောကြောင့် အွန်လိုင်းတွင် ယင်းလက်နက်များ ပျံ့နှံ့မှုကို တားဆီးရန် အတွက် တာဝန်ရှိသူများက ဆွေးနွေးကြောင်း သိရသည်။ အလားတူ တောင်ကိုရီးယား အစိုးရသည် ဆိုးမြို့အနောက်ဘက် အင်ချွန်းမြို့ရှိ ဂျောင်ဂျင်ဆိပ်ကမ်း၌ ယခုနှစ်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်သည်။ ထိုလေ့ကျင့်မှုတွင် ခရီးသည် ဝင်ပေါက်ကို ဒရုန်းဖြင့်တိုက်ခိုက်မှု၊ သေနတ်ဖြင့်ရမ်းကား ပစ်ခတ်မှုနှင့် ခရီးသည်တင် သင်္ဘောအနုကြမ်းစီး ခံရမှုကဲ့သို့ သဏ္ဌာန်တူလေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Ref: Yonhap

Read 146 times Last modified on Tuesday, 04 September 2018 10:13