SJ WorldNews - шаблон joomla Авто

ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်များကို လျှော့ချရန် အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ပါက ၂၁ဝဝ ပြည့် နှစ်တွင် ဥရောပတိုက် အတွင်းရှိ ပြည်သူ တစ်သိန်းကျော် သေဆုံးနိုင်ဟု သိပ္ပံပညာရှင်များက သတိပေးထား

Sunday, 06 August 2017 10:18 font size decrease font size decrease font size increase font size increase font size

လန်ဒန်     သြဂုတ်    

လက်ရှိဖြစ်ပွားနေသည့် ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်များကို လျှော့ချရန်အရေး ယူမှုတစ်စုံတစ်ရာ မပြုလုပ်ပါက ယခုရာစုနှစ် အကုန် ၂၁ဝဝ ပြည့်နှစ်တွင် ဥရောပတိုက် အတွင်းရှိ   ပြည်သူတစ်သိန်းကျော်သည် အပူချိန် ဆိုးရွားစွာမြင့်

တက်မှုကြောင့်ပင် သေဆုံးနိုင်ဟု သိပ္ပံပညာရှင်များက သတိပေး ထားသည်။

၎င်းတို့၏ လေ့လာတွေ့ရှိမှုအရ ရာသီဥတု ပြောင်းလဲမှုသည် လူ့အသိုင်းအဝိုင်းအပေါ် ပိုမိုဆိုးရွားစွာ ဒုက္ခရောက် စေမည်ဖြစ်ကြောင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် ဆိုးရွားသော ရာသီဥတု အခြေအနေများကို မထိန်းချုပ် နိုင်ပါက ဥရောပတိုက် အတွင်းရှိ ပြည်သူသုံး ပုံနှစ်ပုံသည် အဆိုပါ အကျိုးဆက်ကို ခံစားရ မည်ဖြစ် ကြောင်း သိပ္ပံ ပညာရှင်များက ပြောသည်။

အဆိုပါ ခန့်မှန်းချက်သည် ဖန်လုံအိမ်ဓာတ် ငွေ့ထုတ်လွှတ်မှု လျော့ကျခြင်း မရှိသည့်အပြင် ဆိုးရွားသော ရာသီဥတု အခြေအနေများဖြစ် ပေါ်မှုအတွက် အကျိုး သက်ရောက်မှုများကို လျှော့ချရန် ထိရောက်သော မူဝါဒများချမှတ် ခြင်းမရှိမှုအပေါ် အခြေခံ တွက်ချက်ထားခြင်း ဖြစ်သည်။

ထို့ပြင် ၁၉၈၁ ခုနှစ်တွင် ဥရောပ၌ ရာသီဥတု ဆိုးရွားမှုကြောင့် သေဆုံးသူ အရေအတွက် ၃ဝဝဝ ရှိရာမှ ၂ဝ၇၁ ခုနှစ်နှင့် ၂၁ဝဝ ပြည့်နှစ်တို့တွင် တစ်နှစ်လျှင် သေဆုံးသူအရေ အတွက် တစ်သိန်းကျော် အထိမြင့်တက်လာ မည်ဖြစ်ကြောင်း  သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်များအရ သိရသည်။

ရာသီဥတု ပြောင်းလဲမှုသည် ၂၁ ရာစုအတွင်း လူသားများကို ခြိမ်းခြောက်နေသည့် အကြီးမားဆုံး အန္တရာယ်များ အနက် တစ်ခု ဖြစ်ကြောင်း၊  ရာသီဥတုဆိုးရွားမှုနှင့် ဆက်နွှယ်သည့်  ကြီးမားသော အန္တရာယ်ဆိုးများသည်  လူ့အသိုင်းအဝိုင်း အပေါ် ကျရောက် လာမည်ဖြစ်ကြောင်း ဥရောပ ကော်မရှင်ပူးတွဲ သုတေသန ဌာနမှ ဂျီယိုဗန်နီ ဖော်ဇီးရီက ပြောသည်။

အဆိုပါ သုတေသနပြုမှုများကို ဥရောပ သမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံအပြင် ဆွစ်ဇာလန်၊ နော်ဝေနှင့် အိုက်စလန် နိုင်ငံတို့ တွင်ပြုလုပ် ထားခြင်းဖြစ်ပြီး အပူလှိုင်းဖြတ်မှု၊ အအေးလှိုင်းဖြတ်မှု၊ တောမီးလောင်မှု၊ မိုးခေါင်မှု၊ မြစ်များ နှင့် ကမ်းရိုးတန်းများ ရေလွှမ်းမိုးမှုနှင့် လေမုန်တိုင်းများ တိုက်ခတ်မှု ဟူသော လူအသေ အပျောက်များ စေသည့် ဆိုးရွားသော ရာသီဥတုဖြစ်စဉ် ခုနစ်ခုအပေါ် အခြေခံ တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

.............

Read 986 times Last modified on Sunday, 06 August 2017 10:19