Print this page

ရက်ကာမြို့တွင် IS စစ်သွေးကြွ ၂ဝဝဝ ခန့် ကျန်ရှိ နေသေးဟုဆို

Sunday, 06 August 2017 10:19 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်     သြဂုတ်    

IS စစ်သွေးကြွ အဖွဲ့က အခိုင်အမာ ခြေကုပ် အဖြစ် နေရာယူထားသည့် ဆီးရီးယားနိုင်ငံ ရက်ကာမြို့ကို ဆီးရီးယား အစိုးရနှင့် ညွန့်ပေါင်း တပ်ဖွဲ့တို့က ပြန်လည် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင် လျက်ရှိသော်လည်း

ယင်းမြို့အတွင်း စစ်သွေးကြွ အရေအတွက် ၂ဝဝဝ ခန့်ကျန်ရှိ နေသေးသည်ဟုအမေရိကန် အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမေရိကန်က ထောက်ပံ့ပေးထားသော ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် ရက်ကာမြို့ သိမ်းစစ်ဆင်ရေး စတင် သည့် ဇွန်လမှစ၍ ယင်း မြို့၏ ၄၅ ရာခိုင်နှုန်းခန့်ကိုသာ သိမ်းပိုက် နိုင်သေးကြောင်း အဖွဲ့ချေမှုန်းရေး ညွန့်ပေါင်း အဖွဲ့အတွက် အမေရိကန် အထူး သံတမန်ဖြစ်သည့် ဘရတ်မက်ဂါ့က ပြောသည်။

သို့သော် အစိုးရတပ်ဖွဲ့၏ စစ်ဆင်ရေးများကြောင့် စစ်သွေးကြွများသည် အတုံးအရုံး ကျဆုံးလျက်ရှိပြီး လက်ရှိ အချိန်တွင် ၎င်းတို့ အသက် ရှင်သန်ရေး အတွက်သာ တိုက်ခိုက်နိုင် တော့ကြောင်း ၎င်းကပြောသည်။

IS စစ်သွေးကြွ အဖွဲ့သည် ရက်ကာမြို့ကို ၂ဝ၁၄ ခုနှစ်တွင် သိမ်းပိုက်ထားခြင်း ဖြစ်ပြီး ၎င်းတို့၏ အစ္စလာမ်မစ် နိုင်ငံတော် အတွက် မြို့တော်ဖြစ်သည်ဟု ကြေညာထားသည်။

အဆိုပါမြို့အတွင်း အရပ်သားဦးရေမည်မျှ ကျန်ရှိနေသေးကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း လူဦးရေ ၂ဝဝဝဝ မှ ၅ဝဝဝဝ အကြားရှိမည်ဟု ကုလ သမဂ္ဂက ခန့်မှန်းထားသည်။

လက်ရှိအချိန်တွင် အဆိုပါ စစ်သွေးကြွအဖွဲ့ သိမ်းပိုက်ထားသော နေရာများအနက် အီရတ်နိုင်ငံတွင် ၇၈ ရာခိုင် နှုန်းနှင့် ဆီးရီးယား နိုင်ငံတွင် ၅၈ရာခိုင်နှုန်း လက်လွှတ် ဆုံးရှုံးသွား ပြီဖြစ်ကြောင်း မက်ဂါ့က ပြောသည်။

Read 701 times Last modified on Sunday, 06 August 2017 10:20