SJ WorldNews - шаблон joomla Авто

တောင်တရုတ် ပင်လယ်အတွင်း ကျင့်သုံးရမည့် ကျင့်ဝတ် စည်းမျဉ်းမူဘောင်ကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အတည်ပြု

Sunday, 06 August 2017 10:28 font size decrease font size decrease font size increase font size increase font size

မနီလာ သြဂုတ် ၅

သြဂုတ် ၆ ရက်တွင် ပြုလုပ်မည့် အာဆီယံ- တရုတ် ဆွေးနွေးပွဲတွင် နောက်ဆုံး ဆွေးနွေးရန်အတွက် တောင်တရုတ် ပင်လယ် အတွင်းကျင့်သုံးရမည့် ကျင့်ဝတ်စည်းမျဉ်း မူဘောင်ကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက သြဂုတ် ၅ရက်တွင်

သဘောတူလိုက်ပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မူဘောင်ကို တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များက ဆွေး နွေးညှိနှိုင်း ထားခြင်းဖြစ်ပြီး ထိရောက်သော ကျင့်ဝတ် စည်းမျဉ်း တစ်ခုကို ညှိနှိုင်းရာတွင် နှစ်ဖက်အဖွဲ့အစည်းများအား အထောက် အပံ့များ ပေးနိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ခေတ္တပြောရေး ဆိုခွင့်ရှိသူ   ရို့စပီယာ ဘိုလီဗာကပြောသည်။

တောင်တရုတ်ပင်လယ်အတွင်းကျင့်သုံးရ မည့်ကျင့်ဝတ် စည်းမျဉ်းအတွက် မူဘောင်သည် သြဂုတ် ၅ ရက်တွင် စတင်သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ရက်သတ္တပတ် ကြာဆွေးနွေးမှုမှ ထွက်ပေါ်လာမည့် အဓိက ကျသော ကိစ္စရပ်များအနက် တစ်ခုဖြစ်သည် ဟု အဆိုပါ ပြောရေးဆိုခွင့် ရှိသူက အစောပိုင်း တွင်ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားခြင်းဖြစ်သည့်အတွက် အဆိုပါ အစည်းအဝေးများ အပြင် ဆက်စပ် အစည်းအဝေးများကို ယင်းနိုင်ငံ၌ လက်ခံ ကျင်းပခြင်းဖြစ်သည်။

တောင်တရုတ် ပင်လယ်ပြင် တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက ပိုင်ဆိုင်သည်ဟု အခိုင် အမာ ပြောနေသည့် အတွက် ယင်းပင်လယ် ပြင်နှင့်ဆက်စပ်လျက်ရှိသော အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့နှင့် ပိုင်နက်အငြင်းပွားလျက် ရှိသောကြောင့် ၎င်းပင်လယ် အတွင်း ကျင့်သုံး ရမည့်ကျင့်ဝတ်စည်း မျဉ်းချမှတ်နိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။   

............

Read 656 times Last modified on Sunday, 06 August 2017 10:29