SJ WorldNews - шаблон joomla Авто

တောမီးရှို့ သူများကို ပစ်သတ်ရန် အင်ဒိုနီးရှား စစ်ဘက် အမိန့်ပေး

Sunday, 06 August 2017 10:30 font size decrease font size decrease font size increase font size increase font size

ဂျကာတာ သြဂုတ် ၅

ဒေသအတွင်း၌ မီးခိုးမြူ ပြဿနာများကို ရင်ဆိုင်ရစေသည့် တောမီး လောင်မှုများနှင့် ပတ်သက်၍ တာဝန်ရှိ သူများက ထိန်းချုပ်နိုင်ရန် ကြိုးပမ်း လျက်ရှိပြီး သစ်တောဧရိယာအတွင်း ရည်ရွယ်ချက်ရှိရှိ တောမီးရှို့သူ မည်သူကို မဆိုပစ်သတ်ရန် အင်ဒိုနီးရှားနိုင်ငံ ဂျမ်ဘီပြည်နယ်မှ စစ်ဘက် အကြီးအကဲတစ်ဦးက သြဂုတ် ၅ ရက်တွင် အမိန့် ပေးထားသည်။

အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ပြည်နယ်ငါးခုတွင် တောမီးလောင်မှုများကြောင့် အရေးပေါ် အခြေအနေများ ကြေညာထား ရကာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှာပင် တောမီး လောင်ကျွမ်းမှုဖြစ်ပွားသည့်နေရာ အများ အပြားကို တွေ့ရှိရကြောင်း အင်ဒိုနီးရှားသဘာဝ ဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီက ထုတ်ပြန်ထား သည်။

အဆိုပါအေဂျင်စီသည် တောမီးလောင်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် စစ်ဘက်အပါအဝင်  ကျန်အစိုးရ အဖွဲ့ အစည်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အလားတူ ဂျမ်ဘီပြည်နယ်အနီးရှိ တောင်ဆူမားတြား ပြည်နယ်တွင်လည်း တာဝန်ရှိသူများက ယခုကဲ့သို့ ပစ်မိန့် ထုတ်ပြန်ထားကြောင်း မီဒီယာများက ဖော်ပြထားသည်။

ဂျမ်ဘီပြည်နယ်မှ ပူးပေါင်းတောမီး ငြှိမ်းသတ်ရေးအဖွဲ့သည် ၁ဝဟက်တာအတွင်း လောင်ကျွမ်းနေသည့် တောမီးကို ငြှိမ်းသတ်နိုင်ရန်ကြိုးပမ်းနေရကြောင်း သဘာဝဘေး အန္တရာယ်လျော့ပါးရေး အေဂျင်စီမှပြောရေး ဆိုခွင့်ရှိသူ ဆူတိုပို ပါဝိုနူဂရိုဟိုကတွစ်တာ စာမျက်နှာမှ တစ်ဆင့်ပြောသည်။

ထို့ပြင် ဂျမ်ဘီပြည်နယ်အတွင်းရှိ  တောမီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာတစ်ခုသည် ပိုင်ရှင်က ရည်ရွယ်ချက် ရှိရှိ တောမီးရှို့ခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း နူဂရိုဟိုက ပြောသည်။

Read 703 times Last modified on Monday, 07 August 2017 12:20