SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

စင်ကာပူနှင့် အင်ဒိုနီးရှားတို့က စီးပွားရေးနှင့် ခရီးသွားလာရေး ကဏ္ဍများ ကိုတိုးမြှင့် မည့် အလား အလာ ရှိ

Friday, 08 September 2017 10:12 font size decrease font size decrease font size increase font size increase font size

စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တို့ အကြားဒစ်ဂျစ်တယ် စီးပွားရေးနှင့် ခရီးသွားလာရေး စသည့် ကဏ္ဍများတွင် တိုးမြှင့်လုပ်ဆောင်မည့် အလားအလာရှိသည်ဟု

နှစ်နိုင်ငံခေါင်း ဆောင် များဖြစ်သည့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနှင့်အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုတို့က စက်တင်ဘာ ၇ ရက်မွန်းလွဲပိုင်းတွင်ပြုလုပ်သော ပူးတွဲသတင်းစာရှင်း လင်း ပွဲ၌ပြော သည်။

နှစ်နိုင်ငံ အကြားပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ ခေါင်းဆောင်များ အကြား ဆွေး နွေးကြပြီး လက်ရှိလုပ်ဆောင်နေသည့် ရင်းနှီးမြှုပ်နှံမှုများ၊ စွမ်းဆောင်ရည် တိုးတက် ရေး အတွက် လုပ်ဆောင်နေသည့်လေ့ကျင့်သင်ကြားမှုများနှင့် အင်ဒိုနီးရှားဖွံ့ဖြိုး တိုးတက်ရေး အတွက်သာမက ဒေသတွင်းတိုးတက်ရေးအတွက် အထောက်အကူပြုမည့်ကဏ္ဍများတွင် တိုး တက် မှုရှိနေသည် ဟုလီ ကဆိုသည်။

ထို့ပြင် စင်ကာပူနှင့်အင်ဒိုနီးရှားနှစ်နိုင်ငံစလုံးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ အတွင်း ကြုံတွေ့ ရသောစိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ခဲ့ပြီး လာမည့်နှစ်ပေါင်း ၅ဝ အတွင်း ထပ်မံကြုံ တွေ့နိုင် သည့် စိန်ခေါ် မှုများကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဝီဒိုဒိုကပြောသည်။

တို့ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းဆောင်ရည် ထက်မြက်သည့် နည်းပညာနှင့် လူငယ် အင်အားစု ဈေးကွက်တို့၏ အလားအလာကို ပေါင်းစပ်နိုင်ပါက ဒစ်ဂျစ်တယ် စီးပွားရေး ပူးပေါင်းမှု သည် အင် ဒို နီး ရှားနှင့် စင်ကာပူနိုင်ငံတို့၏ စီးပွားရေးကို ပိုမို တိုးတက်ခိုင်မာလာစေမည်ဟု ဝီဒိုဒိုက ဆက်လက်ပြောထားသည်။                     

Read 410 times Last modified on Friday, 08 September 2017 14:10