SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကမ္ဘာလုံးဆိုင်ရာ မတည် မငြိမ်မှုများ ရှိနေသော်လည်း ရုရှားစီးပွားရေး၂ ရာခိုင်နှုန်းကျော် တိုး တက်မည်

Friday, 08 September 2017 10:17 font size decrease font size decrease font size increase font size increase font size

လက်ရှိတွင် ကမ္ဘာ တစ်ဝန်း၌  မတည်မငြိမ်မှုများ ရှိနေသော်လည်း  နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း မှာ   တစ်နှစ် အတွင်း ၂ ရာခိုင်နှုန်းကျော်ရှိလာနိုင်သည်ဟု  ရုရှား ဒုတိယ ဝန်ကြီးချုပ် 

အီ ဂေါ ရှူဗာလော့ကပြောသည်။ယခုအချိန်တွင် ကမ္ဘာကြီး၌တည်ငြိမ်မှု ပျက်ပြားလျက်ရှိပြီး အမေရိကန်ပြည်ထောင်စု ကိုကြည့်မည်ဆိုပါက ကွဲပြားမှုများဖြစ်ပေါ်နေကာ အခြားကိစ္စရပ်များဖြစ် သည့် Brexi အရေးနှင့် ဥရော ပသမဂ္ဂ အပေါ် အပြုသဘော မဆောင်သည့်မျှော်လင့်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်ဟု ရှူဗာလော့ကဆိုသည်။သို့ရာတွင် ရုရှားနိုင်ငံအနေဖြင့် အားသာချက် များကို ထည့်သွင်းစဉ်းစားမည်ဆိုပါက စီးပွား ရေးတိုး တက်မှု ၂ ရာခိုင်နှုန်းကျော် မြင့်တက်လာနိုင်ကြောင်း ရှူဗာလော့ကပြောသည်။ထို့ပြင် ရုရှားနိုင်ငံသည် ပိတ်ဆို့မှုများချမှတ်ခံထားရသော်လည်း ဥရောပ သမဂ္ဂနှင့် ကုန်သွယ်မှုကို ပြန်လည်လုပ်ဆောင်နိုင်မည့် အလား အလာရှိသည်ဟု ၎င်းကဆိုသည်။ရုရှားနိုင်ငံ၏ရေနံတင်ပို့မှုသည် တစ်ကမ္ဘာလုံးတွင် ရေနံဈေးနှုန်းမြင့်တက်မှုနှင့်ဝယ်လိုအား များပြားလာမှုကြောင့် ယခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း၊  လာမည့်နှစ်နှင့် ၂ဝ၁၉ ခုနှစ်တို့ တွင် ၁ ဒသမ ၄ ရာခိုင်နှုန်းစီတိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်ကအစောပိုင်းတွင် ခန့်မှန်း ထား သည်။

Read 343 times Last modified on Friday, 08 September 2017 10:22