SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကိုရီးယား ကျွန်းဆွယ်၌ စစ်ပွဲဖြစ်ပွားမည် မဟုတ်ဟု မွန်ဂျေးအင်ဆို

Friday, 08 September 2017 10:24 font size decrease font size decrease font size increase font size increase font size

တိုကျို   စက်တင်ဘာ 

မြောက်ကိုရီးယားက ပြီးခဲ့သည့်ရက် အနည်းငယ် အတွင်း နောက်ဆုံးနျူကလီးယားစမ်းသပ် မှုပြု လုပ်ပြီး နောက် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများမြင့်တက်သော်လည်း  စစ်ပွဲ ဖြစ်ပွားမည်

မဟုတ်ဟု တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်က စက်တင်ဘာ ၇ ရက်တွင်ပြောသည်။၎င်း အနေဖြင့်မြောက်ကိုရီးယား၏ဒုံးကျည်အစီအစဉ်များနှင့်ပတ်သက်၍ ပဋိပက္ခ များအား မည်ကဲ့ သို့ ဖြေ ရှင်းရ မည်ကို ရုရှား၊ဂျပန်နှင့်အမေရိကန်တို့မှခေါင်းဆောင်များနှင့် ဆွေးနွေး လျက်ရှိ ကြောင်း မွန်ကပြောသည်။

ခေါင်းဆောင်များ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် အဆိုပြုထားသော အရေး ယူပိတ်ဆို့မှု အသစ်များကိုဆွေးနွေးရန်လိုအပ်ပြီး ၎င်းအနေဖြင့် ယင်းပဋိပက္ခများကို သံတမန်ရေး အရ ဖြေ ရှင်း ရန်ရည်ရွယ်ထားကြောင်း  မွန်က ရုရှားနိုင်ငံရှိ ဗလာဒီဗော့ စတော့ဆိပ် ကမ်း၌ပြု လုပ်သော  စီးပွားရေးဖိုရမ်တွင်ပြောသည်။

မြောက်ကိုရီးယားက ¤င်း၏နျူကလီးယားနှင့်ဒုံးကျည် အစီအစဉ်များကို ရှေ့တိုးလုပ် ဆောင်နေစဉ် ယင်း နိုင်ငံအပေါ် ဖိအားပေးမှုများ ဆက်လက် လုပ်ဆောင်ရန် မွန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့က ယင်းဖိုရမ်၏ဘေးပန်းဆွေးနွေးပွဲ၌ သဘောတူကြောင်းသိရသည်။

တို့ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ်ချမှတ်မည့် အရေးယူ ပိတ်ဆို့မှုအသစ် များကို ထောက်ခံရန် တရုတ်နှင့် ရုရှားတို့ အားတောင်းဆိုမည်ဖြစ်ကြောင်း တောင်ကိုရီးယား နှင့်ဂျပန် တို့ ကပြော ထားသည်ဟု ကျိုတိုသတင်းဌာနကထုတ်ပြန်ထားသည်။

ထို့ပြင် မြောက်ကိုရီးယားအပေါ် အကြီးမားဆုံးဖိအားပေးမှုများလုပ်ဆောင်ရန်  အာဘေးက ကမ္ဘာတစ်ဝန်းကို စက်တင်ဘာ ၇ ရက်တွင် တောင်း ဆိုထားပြီး နိုင်ငံတကာအနေဖြင့် ယင်းနိုင် ငံအပေါ် အကြီး မားဆုံးဖိအားပေးမှု များအကျိုး သက်ရောက်စေရန် စည်းလုံးရမည် ဖြစ် ကြောင်း ပြောထားသည်။

Read 451 times Last modified on Friday, 08 September 2017 10:28