SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အိန္ဒိယ၏ သည်းခံနိုင်စွမ်းကို တရုတ် စမ်းသပ်နေဟု အိန္ဒိယ စစ်ဘက် အကြီး အကဲဆို

Friday, 08 September 2017 10:30 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ   စက်တင်ဘာ  

တရုတ်နိုင်ငံသည် အိန္ဒိယ၏သည်းခံနိုင်စွမ်းကို စမ်းသပ်နေသည်ဟု အိန္ဒိယ စစ်ဘက် အကြီး အကဲ ဗိုလ်ချုပ်ကြီး ဘင်ပင်ရာဝပ်ကပြောလိုက်ပြီး အိန္ဒိယ အနေဖြင့် စစ်ပွဲ အတွက် ကြိုတင်ပြင်

ဆင်ရမည်ဟု သတိပေးလိုက်သည်။ဗိုလ်ချုပ်ကြီးရာဝပ်၏ ပြောဆိုချက်သည်တရုတ်နှင့်အိန္ဒိယနိုင်ငံအကြား ဒိုကလမ်ဒေသ၌ ရှေ့မ တိုး နောက်မဆုတ်သာအခြေအနေပြီးဆုံးပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။ ထို့ပြင် အိန္ဒိ ယအနေဖြင့် ကိုယ့်ကိုယ်ကိုယ်အားရကျေနပ် မနေဘဲ အင်အားပြသမှုကြောင့် စတင်လာပြီဖြစ်သည့် ရေကုန်ရေခန်းတိုက်ခိုက်ရန်အလားအလာရှိသော   စစ်ပွဲ အတွက်ကြိုတင်ပြင် ဆင်ထားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရာဝပ်က စက်တင်ဘာ၇ ရက်တွင် ပြောသည်။

ပိုင်နက်နယ် မြေများကို   တဖြည်းဖြည်း ကျူးကျော်မှုနှင့် တုံ့ပြန်နိုင်မှုအတိုင်းအတာကို စမ်းသပ်ခြင်းတို့သည် အိန္ဒိယအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပြီး ပဋိပက္ခ အသွင်သို့ပြောင်းလဲ သွားနိုင်သည့် အခြေ အနေများအတွက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့ အကြား ရှေ့မတိုးနောက် မဆုတ်သာဖြစ်နေသည့်အခြေ အနေကိုအဆုံးသတ်စေရန် ညအတွက် နှစ်နိုင်ငံစလုံး၏ တပ်များကို ဘူတန် နှင့်တရုတ် တို့ အကြား အငြင်းပွားနေသည့် ဟိမဝန္တာကုန်းပြင်မြင့်မှ ပြန်လည် ရုပ်သိမ်းခဲ့သည်။ အိန္ဒိယနှင့် တရုတ်တို့ အကြားတွင် အရူနာချယ်ပရာဒေ့ပြည်နယ်နှင့် စပ်လျဉ်း၍ ၁၉၆၂ ခုနှစ်တွင် စစ်မက်ဖြစ် ပွား ခဲ့ကြောင်း သိရသည်။                  

Read 576 times Last modified on Friday, 08 September 2017 10:34