SJ WorldNews - шаблон joomla Авто

မာရာဝီမြို့ ပြန်လည် ထူထောင်ရေး စတင်လုပ်ဆောင်မည့် ဖိလစ်ပိုင်

Sunday, 06 August 2017 11:47 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင် အစိုးရသည် စစ်သွေးကြွ အဖွဲ့နှင့်ဆက်စပ်နေသည့်  မော့ စစ်သွေးကြွ အဖွဲ့က စီးနင်းသိမ်းပိုက် ခဲ့သော မာရာဝီမြို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို မကြာမီစတင် တော့မည်ဖြစ်သည်။ အစိုးရအနေဖြင့် ပထမဦးစွာ စစ်ဘေးဒဏ်ခံခဲ့ရသည့်

ဒေသခံပြည်သူများ နေထိုင်ရေးအတွက်  ယာယီနေအိမ်များကို  မကြာမီ  စတင် တည်ဆောက်ရန် စီစဉ်ထားသည်။ ယခုအခါ ဒေသခံပြည်သူများနေထိုင်နိုင်မည့် ယာယီစံပြပုံစံ နေအိမ်များ တည်ဆောက်ခြင်းကို စစ်ဘက်မှ အင်ဂျင်နီယာများက ဇူလိုင် ၃၁ ရက်တွင် စတင်လုပ် ဆောင်ခဲ့ပြီး ဖြစ်သည်။ စစ်အင်ဂျင်နီယာ တပ်မဟာမှ စစ်သည်များသည် စစ်ဘေးရှောင်ဒေသခံများ နေထိုင်မည့် စံပြပုံစံ အိမ်နှစ်လုံးကို မာရာဝီမြို့ရှိ ဘာရန်ဂေးဆာဂုန်ဆွန်ဂန်အရပ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နေရပ်ဒေသသို့ မကြာမီပြန်လည် ရောက်ရှိလာမည့် စစ်ဘေးရှောင်ဒေသခံများ နေထိုင်ရန် နေအိမ် တည်ဆောက်ရာတွင် ပြည်သူ့ ဆောက်လုပ်ရေးနှင့် အဝေးပြေးလမ်းမ တည်ဆောက်ရေးဌာန  တိုင်းဒေသကြီး ၁ဝမှ အင်ဂျင် နီယာများက စစ်အင်ဂျင်နီယာ တပ်ကို အကူအညီများ ပေးလျက်ရှိသည်။

လက်ရှိတွင်  မာရာဝီမြို့၌  အစိုးရတပ်များနှင့် စစ်သွေးကြွ များကြားတိုက်ပွဲများ  ဆက်လက်ဖြစ်ပွားလျက် ရှိသော် လည်း စစ်သွေးကြွ များ၏ ခံစစ်အင်အားမှာ  ယခင်ကထက်  သိသိသာသာကျဆင်း လာသည့် အခြေအနေတွင် ရှိသည်။   အစိုးရတပ်များကို ခုခံနေသည့် စစ်သွေးကြွ အင်အားမှာ  ယခုအခါ ၁ဝဝ ထက် လျော့ နည်း လာပြီဖြစ်သည်။ အစိုးရအနေဖြင့် မာရာဝီမြို့ကို စစ်သွေးကြွ များလက်မှ ပြန်လည် သိမ်းယူနိုင်ရေးနှင့် မွတ်စလင် အများစုနေထိုင်ရာ မင်ဒါနာအိုပြည်နယ်ကို စစ်သွေးကြွ များလွှမ်းမိုးခြင်းမှ ကာကွယ် နိုင်ရန် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စများအားလုံး ဆောင်ရွက်လျက်ရှိသည်။

အစိုးရတပ်များအနေဖြင့် အခက်အခဲများကြားမှ မာရာဝီမြို့ကို အမြန်ဆုံးပြန်လည် သိမ်းပိုက်နိုင်ရန် ကြိုးပမ်း နေဆဲ ဖြစ်သည်။

အစိုးရတပ်များနှင့် စစ်သွေးကြွ များကြားဖြစ်ပွားသည့်   တိုက်ပွဲများအတွင်း နေအိမ်များပျက်စီး သို့မဟုတ် မီးလောင် သွားသည့် ဒေသခံများအတွက် ယာယီခိုလှုံရာတည်ဆောက်ပေးမည့် စီမံကိန်းသည် အစိုးရ၏ မာရာဝီ တိုက်ပွဲပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ရေး စီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ထို့ပြင် မာရာဝီမြို့၌် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် စစ်ဘေးသင့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက် မှုများ ပေးအပ်ရန်  ကျန်းမာရေး ဝန်ကြီးဌာနက  စီစဉ်ထားသည်။ လက်ရှိတွင် ယာယီခိုလှုံရေး စခန်းများ၌ နေထိုင်နေသည့် ဒေသခံဦးရေ ၃ဝဝဝဝ ကျော်ရှိပြီး တခြားလူပေါင်း ၄ဝဝဝဝဝကျော်မှာ ဆွေမျိုးသား ချင်းများ၏ နေအိမ်၌ နေထိုင်လျက်ရှိသည်။ ထို့ကြောင့် ဖိလစ်ပိုင် အစိုးရအနေဖြင့် မာရာဝီမြို့ရှိ နေအိမ်များကို စွန့်ခွာ၍ ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရေးနှင့် နိုင်ငံ၏ ပိုင်နက်နယ်မြေ ပေါင်းစည်းမှုကို ခြိမ်းခြောက် လာသည့် စစ်သွေးကြွ များအား အမြန်ဆုံးချေမှုန်းမည်ဟု ယူဆရပါသည်။     

Read 621 times