SJ WorldNews - шаблон joomla Авто

တူရကီတွင် ဘတ်စ်ကား မတော်တဆမှုကြောင့် ခြောက်ဦးသေဆုံး၊ ၃၆ ဦးဒဏ်ရာရ

Sunday, 06 August 2017 14:01 font size decrease font size decrease font size increase font size increase font size

အစ္စတန်ဘူ   သြဂုတ်  

တူရကီနိုင်ငံ ပင်လယ်နက်ဒေသတွင်းရှိ အမာဆာယာပြည်နယ်၌ သြဂုတ် ၅ ရက်တွင် ဘတ်စ်ကား တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ လူခြောက်ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရရှိကြောင်း နိုင်ငံပိုင် Anadolu သတင်းဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါဘတ်စကားသည် အစ္စတန်ဘူမြို့မှ ပင်လယ်နက်ဒေသရှိ ဆမ်ဆန်းမြို့သို့သွားရာ အမာဆာယာပြည်နယ် မာဇီဖွန်ခရိုင်အနီး၌ လမ်းချော်ပြီး တိမ်းမှောက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း Anadolu သတင်းဌာန၏ထုတ်ပြန် ချက်အရသိရသည်။

အဆိုပါ ဘတ်စ်ကားတိမ်းမှောက်ခြင်းသည် ကားသမားအိပ်ငိုက်ခြင်း ကြောင့်ဖြစ်ကြောင်း တူရကီနိုင်ငံပိုင် Haberturk နေ့စဉ် ထုတ်သတင်းစာ၏ ထုတ်ပြန်ချက်အရ သိရသည်။

ခရီးသည်များသည် မည်သည့်နိုင်ငံသား ဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် လူသေအလောင်းများကို မည်သူ မည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သတင်းဌာနများ၏ ထုတ်ပြန်ချက်အရသိရ သည်။ ယာဉ်မတော် တဆမှုအတွင်း ဒဏ်ရာ ရရှိသူများကို  အမာဆာယာနှင့်မာဇီဖွန်ရှိ ဆေးရုံများသို့  ပို့ဆောင်ထားကြောင်း သိရသည်။                 

Read 631 times Last modified on Sunday, 06 August 2017 14:50