SJ WorldNews - шаблон joomla Авто

နီပေါနိုင်ငံအနောက်ပိုင်းတွင် ကားတစ်စီးက မီတာ ၅ဝဝ မြင့်သည့် ချောက်ထဲထိုးကျ ကိုးဦးသေဆုံး ခုနစ်ဦး ဒဏ်ရာရ

Sunday, 06 August 2017 14:50 font size decrease font size decrease font size increase font size increase font size

ခတ္တမန္ဒူ   သြဂုတ်  

နီပေါနိုင်ငံအနောက်ပိုင်း ဒိုတီခရိုင်၌ ကားတစ်စီးသည်  မီတာ  ၅ဝဝ  အမြင့်ရှိသည့် ချောက်ထဲထိုးကျရာ  လိုက်ပါလာသည့်ခရီးသည် ကိုးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၅ ရက်တွင် ပြောသည်။

အဆိုပါဂျစ်ကားသည် ဘိုတာဂန်ဒေသရှိ တောင်တက်လမ်းတစ်ခု၌ လမ်းချော်သွားရာမှ မီတာ ၅ဝဝ မြင့်သည့် ချောက်ထဲသို့ ထိုးကျ သွားခြင်းဖြစ်ကြောင်းနှင့် ယင်းမတော်တဆ မှုသည် မြို့တော် ခတ္တမန္ဒူအနောက်ဘက် ကီလိုမီတာ ၈ဝဝ အကွာတွင်ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသတွင်းရဲအရာရှိ ရှီဗာဘာဟာဒါဆင့်က ဌငည့ကေ သတင်းဌာနသို့ပြောသည်။

ယာဉ်မတော်တဆဖြစ်ပွားမှုအတွင်း ဒဏ်ရာရရှိသူ ခုနစ်ဦးအနက် လေးဦး၏အခြေအနေမှာ စိုးရိမ်ရကြောင်းနှင့် အဆိုပါဒဏ်ရာ ရရှိသူအားလုံးကို ဆေးကုသမှုခံယူရန်တာဝန် ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးထား ကြောင်း ၎င်းကဆက်လက်ပြောသည်။

ခရီးသည် ၁၆ ဦးလိုက်ပါလာသည့် အ ဆိုပါဂျစ်ကားသည် ဒိုတီခရိုင်မှ ဒီပေယေးခရိုင် ချာမရာချူတရာအရပ်သို့ မောင်းနှင်နေစဉ် အမြန်လမ်းမကြီး၌ ယခုကဲ့သို့လမ်းချော်မှု ဖြစ်ပွားခြင်းဖြစ်သည်။

နီပေါနိုင်ငံ၌ ယာဉ်မတော်တဆမှုများဖြစ်ပွားရခြင်း၏အဓိကအကြောင်းရင်းမှာ ဆိုးဝါးလှသည့်လမ်းမများနှင့် ထိန်းသိမ်းပြုပြင်ထား ခြင်းမရှိသည့် ယာဉ်များကြောင့်ဖြစ်ကြောင်းသိရသည်။                  

 

Read 632 times Last modified on Sunday, 06 August 2017 14:50