SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဗုံးအားလုံး၏ဖခင်ဟုခေါ်တွင်သော စစ်လက်နက် ပစ္စည်းများကို အီရန်ပိုင်ဆိုင်ကြောင်း IRGC အကြီး အကဲဆို

Tuesday, 19 September 2017 09:32 font size decrease font size decrease font size increase font size increase font size

တီဟီရန် စက်တင်ဘာ ၁၈

အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သောနျူကလီးယားမဟုတ်သည့် စစ်လက်နက် ပစ္စည်း များနှင့် တန်းတူဖြစ်သော ဗုံးအားလုံး၏ ဖခင်ဟုအမည်ခေါ်တွင်သည့် စစ်လက် နက် ပစ္စည်း များကို

အီရန်ကပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) မှ အကြီးအကဲတစ်ဦး၏ ပြောဆိုချက်အရသိရသည်။

ထို့ပြင် IRGC သည်IS စစ်သွေးကြွ အဖွဲ့နှင့် အမေရိကန် ပူးပေါင်းထားသည့် သက်သေ အထောက် အထားများကိုလည်း ရရှိထားကြောင်း ဗိုလ်မှူးချုပ်အေမာအယ်လီဟာဂျီဇာဒက်က အခိုင် အ မာပြော ဆိုထားသည်။ အီရန်အစိုးရသည် ဗုံးအားလုံး၏ ဖခင်ဟုခေါ်တွင်သည့် နုကလီးယား မဟုတ်သော စစ်လက်နက် ပစ္စည်းများကို တပ်ဆင်ရန် စီမံဆောင်ရွက်ထားကြောင်း ၎င်းက ဆက် လက်ပြောသည်။

IRGC ၏ လေတပ်မှတောင်းဆိုချက် အရအီရန် ကာကွယ်ရေး ဆိုင်ရာ စက်မှု လက်မှု အဖွဲ့ အစည်းက အလေးချိန် မက်ထရစ်တန် ၁ဝ တန်ရှိ ဗုံးများကို ထုတ်လုပ်ထားသည်။ အဆိုပါဗုံးများကို Ilyushin လေယာဉ်တွင်တပ်ဆင်အသုံးပြုနိုင်ပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက် ရေးတွင် ထိရောက်စွာ အသုံးပြုနိုင်ကြောင်း အေမာအယ်လီဟာဂျီဇာဒက်၏ ပြောဆိုချက်ကို ကိုးကား၍ င်္ FARS သ တင်းဌာန က ဖော်ပြသည်။

IRGC မှ စစ်လက်နက် ပစ္စည်းများသည် အမေရိကန်၏ အဖျက်စွမ်း အားပြင်း GBU-43/Bစစ် လက်နက် ပစ္စည်း (MOAB) နှင့်တန်းတူဖြစ်သည်။ အမေရိကန်သည် နျူကလီး ယား မဟုတ်သော ဗုံးများကို ထုတ်လုပ်လေ့ရှိပြီး ၎င်းဗုံးကို ဗုံးအားလုံး၏ မိခင်ဟုခေါ် တွင် ကြောင်းသိရသည်။

ထို့ပြင် အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်းဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် အကြမ်းဖက် လုပ်ရပ်များကို အမေရိကန်က ဥပေက္ခာပြုထားခြင်းမှာ IS အဖွဲ့အား ၎င်းတို့ ကထောက် ခံနေသောကြောင့်ဖြစ်ကြောင်း ဟာဂျီဇာဒက်က ဆက်လက်ပြောသည်။၎င်းတို့ရရှိထားသော သတင်း အချက် အလက်များအား အများသိရှိစေရန် အတွက် ဖွင့်ချ သွား မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

Read 365 times Last modified on Tuesday, 19 September 2017 09:35