×

Warning

JUser: :_load: Unable to load user with ID: 105
Print this page

လှေငယ် သုံးစင်း တိမ်းမှောက် ၁ဝ ဦး သေဆုံး

Tuesday, 19 September 2017 09:47 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ စက်တင်ဘာ ၁၈

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်၌လှေငယ်သုံးစင်း မတော်တဆတိမ်းမှောက်

မှုဖြစ် ပွားရာလှေပေါ်တွင်လိုက်ပါလာသည့်လူ အနည်းဆုံး ၁ဝ ဦးသေဆုံးကြောင်း စက်တင် ဘာ ၁၈ ရက်တွင် တာဝန်ရှိသူများကပြောသည်။တာဝန်ရှိသူများ၏ပြောဆိုချက်အရ သေဆုံးသူ၁ဝ ဦး၏ ရုပ်အလောင်းကို ဆာဘန်ဂျိုရီယာမြစ် အတွင်းမှ ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး မတော်တဆမှုသည် အာသံပြည်နယ် ဒစ်စပူရာမြို့ တော် အနောက်ဘက် ကီိလိုမီတာ ၁၉ဝ အကွာတွင် ဖြစ် ပွားခြင်းဖြစ်ကြောင်း သိရသည်။လှေတိမ်းမှောက်မှုအတွင်း တစ်ဦးပျောက်ဆုံးနေပြီး တာဝန်ရှိသူများက ရှာဖွေလျက်ရှိကြောင်း သိရသည်။

ဒေသခံရွာသားများသည် လှေပြိုင်ပွဲကြည့်ရှုပြီးနောက် ၎င်းတို့၏နေအိမ်သို့ လှေ များဖြင့်ပြန် လာစဉ် အင်အားပြင်း လေမုန်တိုင်း တိုက်ခတ်မှုကြောင့် လှေများတိမ်း မှောက် နစ်မြုပ် သွားရခြင်းဖြစ် ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်အရသိရသည်။

စက်တင်ဘာ ၁၇ ရက်တွင် အာသံပြည်နယ်အလယ်ပိုင်းနှင့် မြေနိမ့်ပိုင်းတို့ရှိ နေရာအများ အပြား ၌ အင်အားပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနမှတာဝန်ရှိသူများက ပြော သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အွတ်တာပရာဒေ့ပြည်နယ်၌ အလားတူ လှေတိမ်း မှောက်မှုဖြစ်ပွားရာ လူ ၁၉ ဦးသေဆုံးကြောင်း သိရသည်။

Read 413 times Last modified on Tuesday, 19 September 2017 09:48