SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အာရပ်စော်ဘွားများ နိုင်ငံကမ်းလွန်၌ ဆော်ဒီရေနံ တင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရ

Tuesday, 14 May 2019 09:22 font size decrease font size decrease font size increase font size increase font size

အာရပ်စော်ဘွားများ နိုင်ငံကမ်းလွန်၌ ဆော်ဒီအာရေဗျရေနံတင် သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရကြောင်း ဆော်ဒီအစိုးရက မေ ၁၃ ရက်တွင်ပြောပြီး ယင်းတိုက်ခိုက်မှုသည် ကမ္ဘာ့ရေနံထောက်ပံ့မှု လုံခြုံရေးကို လျော့ပါးစေရန် ကြိုးပမ်းမှုအဖြစ် အပြစ်တင်ရှုတ်ချသည်။

ထို့ပြင် ဟော်မုရေလက်ကြား အပြင်ဘက်ရှိ ဖူဂျိုင်ရတ်မြို့အနီးတွင်လည်း ကုန်တင်သင်္ဘော လေးစင်း တိုက်ခိုက် ခံရကြောင်း အာရပ်စော်ဘွားများ နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက မေ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။ သို့သော် အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်တက်နေစဉ် ယင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်း မရှိပေ။

အဆိုပါ တိုက်ခိုက်မှုများသည် စိတ်ပူရပြီး အလွန်ဆိုးဝါးကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အတ်ဘတ်မူဆာဗီကပြောကာ ယင်းကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

ထို့ပြင် ယင်းတိုက်ခိုက်မှုများသည် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးအပေါ် အပျက် သဘော အကျိုး သက်ရောက်ပြီး ပြည်ပအဖွဲ့အစည်းများ၏ ပူးပေါင်းကြံစည်မှုများကို သတိရှိရန် ဒေသတွင်းနိုင်ငံများကို ၎င်းက တိုက်တွန်းထားသည်။

ဟော်မုရေလက်ကြားသည် ပင်လယ်ကွေ့နိုင်ငံများနှင့် အီရန်နိုင်ငံကို ပိုင်းခြားထားပြီး ဒေသတွင်း၌ အမေရိကန်စစ်ဘက် တပ်ဖွဲ့များတည်ရှိမှု၊ အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အမေရိကန်နှင့် အီရန်တို့အကြား စကားလုံး စစ်ပွဲများ တိုးမြင့်ဖြစ်ပွားနေသော နေရာဖြစ်ကြောင်း သိရသည်။ Ref: AFP, Reuters

Read 68 times Last modified on Tuesday, 14 May 2019 09:22