SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ပါကစ္စတန် ကလေးငယ်များ၌ HIV ရောဂါဆိုးရွားစွာ ပျံ့နှံ့ဖြစ်ပေါ်နေ

Thursday, 23 May 2019 10:15 font size decrease font size decrease font size increase font size increase font size

ပါကစ္စတန်နိုင်ငံရှိ စိုးရိမ်ဗျာပါဒ များနေသော မိဘတချို့သည် ၎င်းတို့၏ကလေးများကို ခေါ်ဆောင်ပြီး ဆရာဝန်များဆီသို့ ရောက်လာကြသည်။ ကလေးငယ်များ ခံစားနေရသည့် ဝေဒနာမှာ အဖျားမကျခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်များကလည်း အလားတူဝေဒနာခံစားနေရသည့် ကလေးငယ်များမှာဆေးရုံ၊ ဆေးခန်းများဆီသို့ ရောက်လာသည်။

ထိုအထဲကမှ သံသယဖြစ်ဖွယ်ကလေး တချို့၏ သွေးနမူနာများကို စစ်ဆေးရန် ဆရာဝန်များက ဓာတ်ခွဲခန်းများသို့ ပို့ဆောင်ခဲ့သည်။

ဓာတ်ခွဲခန်းများမှ ရရှိလာသည့် သွေးစစ်ဆေးချက် အဖြေများကြောင့် ဆရာဝန်များနှင့် ကလေးငယ်များ၏ မိဘများမှာ စိုးရိမ်ထိတ်လန့်သွားကြသည်။ အကြောင်းရင်းမှာ ထိုကလေးငယ်များတွင် HIV ရောဂါ ဖြစ်ပွားနေခြင်းကြောင့် ဖြစ်သည်။

ဧပြီ ၂၄ ရက်တွင် ကလေးငယ် ၁၅ ဦး၌ HIV ရောဂါ ရှိနေသည်ကို တွေ့ရှိရသည်။

သို့သော် ထူးဆန်းသည့် တစ်ချက်မှာ ထိုကလေးငယ်များ၏ မိဘများ၌ အလားတူ ရောဂါမရှိခြင်း ဖြစ်သည်။ အဆိုပါ ကလေးငယ် ၁၅ဦး ဆိုသည်မှာ HIV ရောဂါကို အမှန်တကယ် ခံစားနေရသူ စုစုပေါင်း၏ အစွန်းထွက်လောက်သာ ရှိသည်။ ကလေးငယ်များကိုHIV ရောဂါပိုး ခံစားရစေသည့် အဓိကအကြောင်းရင်းသုံးခုရှိသည်။ ထိုရောဂါပိုးရှိသော မိခင်၏နို့ရည်ကို သောက်သုံးခြင်း၊ သွေးသွင်းခြင်းနှင့် ရောဂါပိုးကူးစက်စေသော ခွဲစိတ်ခန်းသုံး ကိရိယာများ သို့မဟုတ် ဆေးထိုးအပ်များ အသုံးပြုခြင်းကြောင့် ဖြစ်သည်။

ပြီးခဲ့သည့်လတစ်လလုံးတွင် ဆင်းပြည်နယ်၌ HIV ရောဂါခံစားနေရသူ ၆ဝ၇ ဦး တွေ့ရှိပြီး ထိုအထဲကမှ ၇၅ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်သည်။ ထိုရောဂါကို ဖြစ်ပွားစေသည့် AIDS ရောဂါပိုး ပျံ့နှံ့နေသည်ဟု ကောလာဟလများ ထွက်လာပြီးနောက် မိဘများက ကလေးငယ်များကို ခေါ်၍ အစိုးရက အထူးသတ်မှတ် ပေးထားသည့် နေရာသို့ ရောက်ရှိလာကာ စစ်ဆေးမှုခံယူရာမှ ၎င်းတို့၏ ကလေးငယ်များ၌ HIV ရောဂါ ခံစား နေရသည်ကို မိဘများက သိရှိခြင်း ဖြစ်သည်။

ဆင်းပြည်နယ်၌ ယခုကဲ့သို့ ဖြစ်ပွားခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်းကလည်း ထိုကဲ့သို့ HIV ရောဂါဆိုးရွားစွာ ပျံ့နှံ့မှုကို တွေ့ကြုံခဲ့ပြီး ဖြစ်သည်။ အတိအကျဆိုရလျှင် ၂ဝ၁၆ ခုနှစ်တွင် ဖြစ်သည်။

ထိုအချိန်က HIV ရောဂါခံစားနေရသူ၁၅၂၁ ဦးကို တွေ့ရှိသည်ဟု ဆင်းပြည်နယ် AIDS ထိန်းချုပ်မှု အစီအစဉ်၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ ၁၅၂၁ ဦးအနက် အများစုမှာ အမျိုးသားများဖြစ်ပြီး HIV ရောဂါရရှိသည့် အဓိကအကြောင်းရင်းမှာ လိင်အပျော်မယ်များနှင့်ဆက်ဆံမှုကြောင့် ဖြစ်သည်။ အဓိကအားဖြင့် လိင်ပြောင်း အမျိုးသမီးများ ဖြစ်ပြီး     ၎င်းတို့အနက် ၃၂ ဦးတွင် AIDS ရောဂါပိုးရှိနေသည်ကို စစ်ဆေးတွေ့ရှိရသည်။

လူများကို HIV ရောဂါခံစားရစေသည့် နောက်ထပ်အကြောင်းရင်း တစ်ခုမှာ ကျေးရွာများရှိ အသိပညာ နည်းပါးသော ဒေါက်တာရမ်းကုများကြောင့် ဖြစ်သည်။

ပါကစ္စတန်နိုင်ငံရှိ အထူးသဖြင့် ကျေးလက်ဒေသများရှိ ပြည်သူများသည် ရောဂါတစ်ခုခု ခံစားရလျှင် ဒေါက်တာရမ်းကုများ ဆီသို့သာ သွားရောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကုသမှုသည် ကုန်ကျစရိတ်နည်းပြီး အလွယ်တကူ သွားရောက် နိုင်သောကြောင့် ဖြစ်သည်။

ထက်မြတ်

Ref: BBC

Read 71 times Last modified on Thursday, 23 May 2019 10:16