SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သီရိလင်္ကာက စစ်သွေးကြွ အဖွဲ့ဝင်များကို အပူတပြင်း ရှာဖွေ

Sunday, 26 May 2019 15:08 font size decrease font size decrease font size increase font size increase font size

သီရိလင်္ကာအစိုးရ တပ်ဖွဲ့ဝင်များသည် လူ ၂၅၈ ဦးသေဆုံးသည့် အသေခံဗုံးခွဲ တိုက်ခိုက်မှုများကို လုပ်ဆောင်သော အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့မှ အဖွဲ့ဝင်များကို အပူတပြင်း ရှာဖွေလျက်ရှိကြောင်း  တာဝန်ရှိသူများက ပြောသည်။

ဧပြီ ၂၁ ရက်တွင်ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုများ ပြီးနောက် အကြမ်းဖက် သမားများကို ဖမ်းဆီးရန် အစိုးရ တပ်ဖွဲ့ဝင်များက အင်အားအသုံးပြုကာ ကိုလံဘိုမြို့တွင်းရှိ နေရာများစွာကို အဓိကထား စောင့်ကြည့်ကြောင်း သိရသည်။

ထို့ပြင် တာဝန်ရှိသူများသည် ကိုလံဘို မြို့အပြင်ဘက်ရှိ ဒေသသုံးခုတွင် အထူးပိတ်ဆို့ရှာဖွေရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ကြောင်း   စစ်ဘက်တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များကို ပြောသည်။

နိုင်ငံအနောက်ဘက်နှင့် မြောက်ဘက်တွင်လည်း အလားတူ စစ်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်ကြောင်း   သိရသည်။ အဆိုပါ နေရာ၌ ယခုလအတွင်းက မူဆလင်ဆန့်ကျင်သည့် ဆူပူမှုများ ဖြစ်ပွားခြင်းကြောင့် အမျိုးသား တစ်ဦးသေဆုံးပြီး  မူဆလင်တို့၏ ဈေးဆိုင်များ၊ ဗလီများနှင့် နေအိမ်များ ပျက်စီးကြောင်း သိရသည်။

နိုင်ငံအတွင်း ဖြစ်ပွားသည့် အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများသည် ၎င်းတို့လက်ချက် ဖြစ်သည်ဟု IS စစ်သွေးကြွ များက ဝန်ခံထားကြောင်း သိရသည်။

Ref: AFP

Read 63 times Last modified on Sunday, 26 May 2019 15:09