SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကမ္ဘာ့အမြင့် ဆုံးတောင်မှာ လမ်းပိတ်မှုကြောင့် တောင်တက်သမားများ သေဆုံးနေရ

Sunday, 26 May 2019 15:09 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ဧဝရက်တောင်၌ ယခုတောင်တက် ရာသီအတွင်း သေဆုံးသူ အယောက် ၂ဝ ကျော်သွားပြီဖြစ်သည်။ ယခုသီတင်းပတ်အတွင်း သေဆုံးသူ အရေအတွက်မှာပင် ၁ဝ ယောက်ကျော်ရှိသည်။ သေဆုံးရသူအများစုမှာ တောင်ထိပ်ပေါ်မှ ပြန်ဆင်းရန် စောင့်ဆိုင်းနေစဉ် သေဆုံးသူများဖြစ်သည်။

တောင်တက်သမား တစ်ဦးဖြစ်သည့် နီယာမယ်ပူဂျာ ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံတွင် ဧဝရက်တောင်ပေါ်သို့ တက်နေသည့် တောင်တက်သမား တသီတတန်းကြီးကို မြင်တွေ့ရသည်။ ထို့ပြင် ဧဝရက်တောင်ထိပ်၌ဖြစ် ပေါ်နေသော ဆိုးဝါးသည့် အခြေအနေများကိုလည်း တွေ့ရှိရသည်။

ယခုသီတင်းပတ်အတွင်း ရာသီဥတုသာယာမှုက  တောင်တက်သမားများကို  ဧဝရက်တောင်သို့ တက်ရန် ဆွဲဆောင်နေသည်။ မေ ၂၄ ရက်အထိ နီပေါနိုင်ငံဘက်လမ်းကြောင်း မှတစ်ဆင့် ဧဝရက်တောင်ထိပ်သို့ ရောက်ရှိသည့် တောင်တက်သမား အရေအတွက်မှာ ၆ဝဝ နီးပါးရှိသည်ဟု အစိုးရ အရာရှိတစ်ဦးက ပြောသည်။ နီပေါနိုင်ငံက ယခု တောင်တက်ရာသီအတွက်     တောင်တက်သမား ၃၈၁ ဦးကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၁ဝဝဝ နှုန်းဖြင့် ဧဝရက်တောင်သို့ တက်ခွင့်ပြုထားသည်။

တောင်တက်သမားတိုင်းသည် မည်သည့်အခါမျှ တစ်ယောက်တည်း မတက်ဘဲ ဒေသခံလမ်းပြ သို့မဟုတ် နိုင်ငံတကာမှ လမ်းပြများဖြင့် တက်လေ့ရှိသောကြောင့် နီပေါနိုင်ငံဘက်ခြမ်းမှ ဧဝရက်တောင်သို့ တက်သူ ၇၅ဝ ကျော်

အထိရှိမည်ဖြစ်သည်။ ထို့ပြင် တိဘက်နိုင်ငံကလည်း တောင်တက်သမား ၁၄ဝ ကို ၎င်းတို့ ဘက်အခြမ်းမှ တက်ရန်   ခွင့်ပြုထားသည်။ ထို့ကြောင့် ယခုရာသီအတွက် ဧဝရက်တောင်ထိပ်သို့ ရောက်သူ အရေအတွက်မှာ ပြီးခဲ့သည့်နှစ် အရေအတွက် ဖြစ်သော ၈ဝ၇ ဦးထက် စံချိန်တင် များပြားမည်သာ ဖြစ်သည်။

တောင်တက်သမားတိုင်းသည် မောပန်းခြင်း၊ လိုအပ်သည့် ပစ္စည်းအများအပြားကို သယ်ရခြင်း၊   အသက်ရှူမဝ ဖြစ်ခြင်းတို့ကို ခံစားရသူများ ဖြစ်သည်။ တောင်တက်သူများသည့်အတွက်  လမ်းကြောင်းပိတ်မှုများသည် တောင်တက်သမားများအတွက်    အလွန်အန္တရာယ်များသည့် အခြေအနေ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း သေဆုံးသည့် အိန္ဒိယတောင်တက်သမား အမျိုးသမီးတစ်ဦးဆိုလျှင် တက်လာသည့်  ရှည်လျားလှသော လူတန်းရှည်ကြီးကို စောင့်နေရသောကြောင့် တောင်ထိပ်မှ ပြန်ဆင်းရန် နောက်ကျသွားပြီး  သေဆုံးရသည်။

တောင်တက်သမား များအနေဖြင့်  ရာသီဥတုကောင်းသည့် အချိန်တိုလေးအတွင်း အလုအယက် တက်ရမှုကလည်း တောင်တက်သမားများ သေဆုံးရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ ထို့ပြင် တောင်တက်လမ်းတစ်လျှောက် ရှိလမ်းကျဉ်း နေရာများ၌ လမ်းပိတ်ခြင်းသည်လည်း တောင်တက်သမားများ ယူဆောင်သွားရသည့် အောက်ဆီဂျင်ကို ပြတ်လပ်စေသောကြောင့် လူသေဆုံးမှုများ ပိုမိုဖြစ်ပွားရခြင်း ဖြစ်သည်ဟု   ဂျာမန်တောင်တက်သမား တစ်ဦးက  ၎င်း၏ လူမှုကွန်ရက်တွင် ရေးထားသည်။

တောင်ပေါ်အမြင့်ရောက်သည့်အတွက် အသက်ရှူမဝခြင်းနှင့် မောပန်းခြင်းတို့အပြင် တောင်တက်သမားများ၏ အသက်ကို ယူဆောင်သွားနိုင်သည့် အခြားသဘာဝဘေးအန္တရာယ်များလည်း ရှိသေးသည်။ ထိုဘေးအန္တရာယ် များအနက်တစ်ခုမှာ   နှင်းထုပြိုကျခြင်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် ဖြစ်ပွားသော နီပေါငလျင်လှုပ်မှု ဖြစ်စဉ်တွင်    ဧဝရက်တောင်မှ နှင်းထုပြိုကျခြင်းကြောင့် လူ ၁၈ ဦးသေဆုံးပြီး   ဒါဇင်ပေါင်းများစွာ  ဒဏ်ရာရရှိသွားသည်။

ထက်မြတ်

Ref: The Straits Times

Read 55 times Last modified on Sunday, 26 May 2019 15:11