SJ WorldNews - шаблон joomla Авто

မလေးရှား၌ အမှိုက်ပုံး အတွင်းမှ မွေးကင်းစ ကလေးကို ခွေးတစ်ကောင်က တွေ့ရှိ

Monday, 27 May 2019 09:34 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ၊ မှုခင်း

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် အမ်ပန်ဂျာယာမြို့ရှိ  အမှိုက်ပုံးအတွင်းမှ မွေးကင်းစ ကလေးငယ်တစ်ဦးကို လုံခြုံ ရေး အစောင့်တစ်ဦး၏ ခွေးက မေ ၂၅ရက် နံနက်ပိုင်းတွင်တွေ့ရှိသည်။

လုံခြုံရေးအစောင့်သည် ဒေသစံတော်ချိန်နံနက် ၆ နာရီဝန်းကျင်တွင် ၄င်း၏ ခွေးနှင့်အတူ ကင်းလှည့်စဉ် ကုန်စုံဆိုင် တစ်ဆိုင်၏ အပြင်ဘက်ရှိ အမှိုက်ပုံးဆီသို့ ခွေးကဟောင်နေသဖြင့် ကြည့်ရှုရာ ငိုနေသော ကလေးငယ်တစ်ဦး ကိုတွေ့ ရှိပြီးနောက် ရဲတပ်ဖွဲသို့ အကြောင်းကြား လိုက်သည်။

ထိုမွေးကင်းစ ကလေးငယ်မှာ ချက်ကြိုးတန်းလန်းနှင့် ဖြစ်သော်လည်း ဒဏ်ရာမရထားကြောင်း သိရသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်း စစ်ဆေးနေဆဲဖြစ်သည်။

Ref: The Straits Times

..................

Read 57 times Last modified on Monday, 27 May 2019 09:35