SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဂျပန်နိုင်ငံ၌ အချိန်အခါမဟုတ် အပူလှိုင်းဖြတ်မှု ဆက်လက်ဖြစ်ပေါ်

Tuesday, 28 May 2019 10:07 font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံတစ်ဝန်း၌ အချိန်အခါမဟုတ် အပူလှိုင်းဖြတ်မှုသည် မေ ၂၇ ရက်တွင် ဆက်လက် ဖြစ်ပေါ်မှုကြောင့် အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နေရာ ၉၂၆ နေရာအနက် ၃၄ဝ ၌ အပူချိန် မှတ်တမ်းတင် လေ့လာစောင့်ကြည့်မှုများ လုပ်ဆောင်ရာ နိုင်ငံ၏နေရာ ဒေသများစွာတွင် အပူချိန် ၃ဝ ဒီဂရီစင်တီဂရိတ် အထိရှိကြောင်း ဂျပန်မိုးလေဝသဌာန (JMA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နိုင်ငံမြောက်ပိုင်းစွန်း ဟော့ကိုင်းဒိုးစီရင်စုရှိ အိုဘီဟီရိုဒေသ၌ အပူချိန် ၃၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ပြီး တိုကျိုမြို့တော်၌ လေးရက်ဆက်တိုက် အပူချိန် ၃ဝ ဒီဂရီစင်တီဂရိတ် အထက်ရှိကြောင်းနှင့် ယင်းကဲ့သို့ အပူချိန်မြင့်တက်ခြင်းသည် မေလအတွက် စံချိန်အသစ်တစ်ခု ဖြစ်ကြောင်း JMA က ပြောသည်။

ဟော့ကိုင်းဒိုးစီရင်စုရှိ ဆာရိုမားမြို့၌ မေ ၂၆ ရက်တွင် အပူချိန် ၃၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်မှုကြောင့် ဒေသတွင်းပြေးဆွဲနေသည့် မီးရထားခရီးစဉ် ၅ဝ ကျော်ကို ဖျက်သိမ်းသည်။

မေ ၂၇ ရက်တွင်လည်း အပူချိန်မှာ ပြင်းထန်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အပူချိန်လွန်ကဲရာမှ အပူလျှပ်မှုကြောင့် လူ ၁ဝဝ ကျော်မှာ တိုကျိုမြို့ရှိ ဆေးရုံများ၌ ဆေးကုသမှုခံယူ နေရကြောင်း တိုကျိုမီးသတ်ဌာနက ပြောသည်။

ထို့ကြောင့် အပူဒဏ်ကိုကာကွယ်ရန်အတွက် ပြည်သူများအနေဖြင့် အပြင်၌အချိန်ကြာကြာ မနေရန်နှင့် ရေများများသောက်ရန် မီးသတ်ဌာနမှ တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရသည်။ Ref: Xinhua

Read 44 times Last modified on Tuesday, 28 May 2019 10:09