SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အရှေ့အလယ်ပိုင်း၌ အမေရိကန်တပ်ဖွဲ့ဝင် အင်အားတိုးမြှင့်မှု ပြဿနာ အသစ်များသာ ဖြစ်ပေါ်စေနိုင်

Tuesday, 28 May 2019 10:09 font size decrease font size decrease font size increase font size increase font size

အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်တပ်ဖွဲ့ဝင် အင်အားတိုးမြှင့်လိုက်ခြင်းကြောင့် ပြဿနာအသစ်များကိုသာ ဖြစ်ပေါ်လာစေနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ပြောသည်။ အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသသို့ တပ်ဖွဲ့ဝင် ၁၅ဝဝ ထပ်မံစေလွှတ်ခြင်းအပေါ် ၎င်းကသတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

တပ်ဖွဲ့ဝင်အင်အား များပြားလာသည်နှင့်အမျှ ပြဿနာလည်း ပိုမိုများပြားလာနိုင်ကြောင်း၊ အမေရိကန်အနေဖြင့် အီရန်အပေါ် စစ်ခင်းလိုသည့်ကိစ္စနှင့် ပတ်သက်၍ လေးစားရသော စစ်ဘက်ခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးသမား ဟောင်းများနှင့် သံတမန်ဟောင်းများထံမှ သင့်တင့်လျောက်ပတ်သော ပြောဆိုမှုများကို ကြားရမည်ဟု အလွန်မျှော်လင့် ထားကြောင်း လက်ရော့က သတင်းထောက်များကို ပြောသည်။

အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၌ တပ်ဖွဲ့ဝင် ၁၅ဝဝ ခန့် ထပ်မံတပ်ဖြန့်ရခြင်းမှာ အဆိုပါဒေသရှိ တပ်ဖွဲ့ဝင်များကို ကာကွယ်ရန်သာဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။ အီရန်ကမူ အမေရိကန်၏ လှုပ်ရှားမှုသည် နိုင်ငံတကာငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ရှုတ်ချပြောဆိုထားသည်။ Ref: Sputnik

Read 50 times Last modified on Tuesday, 28 May 2019 10:10