SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဒါဝင်မြို့၌ ပစ်ခတ်မှုဖြစ်ပွား လေးဦးသေဆုံး

Wednesday, 05 June 2019 10:26 font size decrease font size decrease font size increase font size increase font size

သြစတြေးလျနိုင်ငံ ဒါဝင်မြို့၌ ဇွန် ၄ ရက်တွင် သေနတ်ပစ်ခတ်မှုကြီး ဖြစ်ပွားရာ လူလေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။

ရောင်ပြန်ပါသည့် လုပ်ငန်းခွင်ဝတ်စုံကို ဝတ်ဆင်ထားသော အသက် ၄၅ နှစ်ရှိ အဆိုပါ သေနတ်သမားကို မြောက်ပိုင်းနယ်မြေရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း Guardian သတင်းဌာနက ထုတ်ပြန်သည်။

အဆိုပါ အမျိုးသားသည် ဇွန် ၄ ရက်ည ၆ နာရီမတိုင်မီတွင် ကမ်းစပ်ရှိ ပမ်းမိုတယ်သို့ လမ်းလျှောက်ဝင်လာပြီး ပြောင်းချော သေနတ်ဖြင့် ပစ်ခတ်မှုပြုလုပ်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

သေနတ်သမားသည် တစ်စုံတစ်ဦးကို ရှာဖွေသည့်ပုံစံဖြင့် အခန်းတိုင်းကို ပစ်ခတ်ကြောင်း၊ ထို့နောက် ၎င်း၏ကားပေါ်သို့

တက်ကာ ထွက်ပြေးကြောင်း မျက်မြင်တွေ့ရှိသူ ဂျွန်ရို့က ပြောသည်။

ရဲတပ်ဖွဲ့သည် ဒေသစံတော်ချိန် ညနေ၅ နာရီ မိနစ် ၅ဝ ခန့်တွင် သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် သတင်းပေးမှုကို ရရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ငါးဦးသေဆုံးသည်ဟု ထုတ်ပြန်ထားသော်လည်း တာဝန်ရှိသူများက အတည်ပြုထားခြင်း မရှိပေ။

သေနတ်သမားကို ဒေသစံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်တွင် စတူးအာ့ပန်းခြံ၌ ဖမ်းဆီးခဲ့ကြောင်းနှင့် ဇွန် ၅ ရက်တွင် တရားစွဲဆို သွားမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

Ref: The Straits Times

Read 48 times Last modified on Wednesday, 05 June 2019 10:29