SJ WorldNews - шаблон joomla Авто

ဂျပန်လေယာဉ်မှူး၏ အမြင့်မှ ကြည့်စဉ် မူးဝေမှုကြောင့် F-35 တိုက်လေယာဉ်ပျက်ကျခြင်း ဖြစ်နိုင်

Tuesday, 11 June 2019 12:23 font size decrease font size decrease font size increase font size increase font size

ဧပြီလတွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ဂျပန်စစ်ဘက်၏ F-35 တိုက်လေယာဉ်တစ်စင်း ပျက်ကျခြင်းသည် လေယာဉ်မှူး၏ အမြင့်မှ ကြည့်စဉ်မူးဝေမှုကြောင့် ဖြစ်သည်ဟု ယူဆရကြောင်း ဂျပန်လေတပ်က ဇွန် ၁ဝ ရက်တွင် ပြောသည်။

အမေရိကန်ရှိ လော့ဟိမာတင်ကုမ္ပဏီထုတ် ထိုတိုက်လေယာဉ်သည် ဂျပန်နိုင်ငံအနောက်မြောက်ပိုင်း အလွန်၌ ဧပြီ ၉ ရက်တွင် အခြား F-35 တိုက်လေယာဉ် သုံးစင်းနှင့်အတူ လေ့ကျင့်နေစဉ် ရေဒါမှ ပျောက်ကွယ်သွားခြင်း ဖြစ်ပြီး အသက် ၄၁ နှစ်ရှိ လေယာဉ်မှူးတစ်ဦး သေဆုံးသည်။

ယင်းဖြစ်စဉ်တွင် လေယာဉ်မှူးသည် မူးဝေမှုဝေဒနာကို ခံစားရခြင်းဖြစ်ပြီး ၎င်း၏အခြေအနေကို ၎င်းကိုယ်တိုင် မသိနိုင်သည်ဟု ယူဆရကြောင်း ကာကွယ်ရေးဝန်ကြီး တာခဲ့ရှိအီဝါယာက ပြောသည်။

အဆိုပါ တိုက်လေယာဉ်သည် စက်ပိုင်းသို့မဟုတ် စနစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ပျက်ကျခြင်း မဟုတ်ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ထားသဖြင့် ထိုတိုက်လေယာဉ်များကို ပိုင်ဆိုင်ထားသည့် အမေရိကန်၊ ဗြိတိန် နှင့်သြစတြေးလျ အပါအဝင် အခြားနိုင်ငံများအတွက် စိတ်သက်သာရာ ရစေသည်။

Ref: Reuters

Read 47 times Last modified on Tuesday, 11 June 2019 12:24