Print this page

တရုတ်(တိုင်ပေ) သမ္မတ ရွေးကောက်ပွဲ၌ တရုတ်အစိုးရနှင့် ရင်းနှီးသော မြို့တော်ဝန် ပါဝင်ယှဉ်ပြိုင်မည်

Tuesday, 11 June 2019 12:24 font size decrease font size decrease font size increase font size increase font size

လူသိများထင်ရှားပြီး တရုတ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည့် ကောင်စီအန်းမြို့တော်ဝန် ဟန်ကူယုသည် တရုတ်(တိုင်ပေ)၌ မကြာမီကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

၂ဝ၁၈ ခုနှစ်တွင်ကျင်းပသော ကောင်စီအန်းမြို့တော်ဝန် ရွေးကောက်ပွဲ၌ ထင်မှတ်မထားသော အောင်မြင်မှုဖြင့် အနိုင်ရရှိသော မြို့တော်ဝန် ဟန်ကူယုသည် အတိုက်အခံပါတီဖြစ်သော ကူမင်တန်(KMT )ပါတီမှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ငါးဦးအနက်တစ်ဦးဖြစ်ကြောင်း ၎င်းပါတီက ဇွန်၁ဝ ရက်တွင် ကြေညာသည်။

ရွေးကောက်ပွဲ၌ ဟန်ကူယု ပါဝင်ယှဉ်ပြိုင်မည်ဟူသော သတင်းသည် လက်ရှိအာဏာရပါတီကို တုန်လှုပ်စေသည်။ ၎င်းပါဝင်ယှဉ်ပြိုင်မည်ဟု သတင်းမထွက်မီ ရွေးကောက်ပွဲအတွက် တစ်ပြေးနေသူမှာ တရုတ်(တိုင်ပေ)၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော Foxconn ကုဋေကြွယ်သူဌေး တယ်ရီဂေါင် ဖြစ်သည်။

တရုတ်(တိုင်ပေ) ရွေးကောက်ပွဲကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲသည် တရုတ်အစိုးရနှင့် ဆက်ဆံရေးတွင် အဓိကကျသော အခန်းကဏ္ဍ ဖြစ်လာမည် ဖြစ်သည်။

လက်ရှိသမ္မတ ဆိုင်ယင်းဝမ်လက်ထက်တွင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP)က အသိအမှတ်မပြုသဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တင်းမာနေသည်။

Ref: CNA

Read 40 times Last modified on Tuesday, 11 June 2019 12:24