SJ WorldNews - шаблон joomla Авто

ဥရောပသမဂ္ဂက ခြိမ်းခြောက်အကျပ်ကိုင်မှုကို ငြိမ်ခံသည့်အဖွဲ့မဟုတ်ဟုဆို

Wednesday, 12 June 2019 10:18 font size decrease font size decrease font size increase font size increase font size

ဘရပ်ဆဲ၊ နိုင်ငံရေး

ဥရောပသမဂ္ဂက ခြိမ်းခြောက်အကျပ်ကိုင် မှုကို     ငြိမ်ခံသည့်အဖွဲ့မဟုတ်ကြောင်း၊ Brexit အရေးနှင့်ပတ်သက်၍ ကနဦး ကတည်းက စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ဆန္ဒမရှိကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ် ကိုယ်စား လှယ်လောင်းများ အနေဖြင့် ထိုအချက်ကို မှတ်ထားရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ ဥရောပရေးရာဝန်ကြီးကပြောသည်။

မည်သူပင်  ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ဖြစ် Brexit သဘောတူညီချက်ရရှိရေးအတွက် ပြန်လည်ညှိနှိုင်းရန် ဥရောပသမဂ္ဂ အနေဖြင့် ပြင်ဆင် ထားခြင်းမရှိကြောင်း ဂျာမနီနိုင်ငံ၏ ဥရောပရေးရာဝန်ကြီး   မိုက်ကယ်ရော့က  ဇွန် ၁၁ ရက်တွင်ွ Reuters သတင်းဌာနနှင့် ပြုလုပ်သော   တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောသည်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ထရီဆာမေ၏  နေရာတွင် တာဝန်ထမ်းဆောင်မည့်သူအနေဖြင့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ် ရာ၌ ဥရောပ သမဂ္ဂမှ ဗြိတိန်ခွဲထွက်မည့်ကိစ္စနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သောအခြေအနေကိုဖန်တီး ပေးရန် ကတိပြုပြောဆို ရလိမ့်မည်ဖြစ်ကြောင်း င်းက အလေးပေးပြောဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ်သစ်အနေဖြင့် Brexit သဘောတူညီချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း ဥရောပ ကော်မရှင်မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား ၍ င်းက ယခုကဲ့သို့    ပြောဆိုခြင်းဖြစ်သည်။

ဗြိတိန်၏ ကွန်ဆာဗေးတစ် ပါတီက င်းပါတီ၏ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ရာထူးအတွက်  ကိုယ်စားလှယ်လောင်း ၁ဝ ဦးယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောထားသည်။

ဝန်ကြီးချုပ် ရာထူးဆက်ခံရန် တစ်ပြေးနေသည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆန်က Brexi သဘော တူညီချက် မရလျှင် ဗြိတိန်က  ဥရောပသမဂ္ဂသို့ ပေးရမည့် အမေရိကန်ဒေါ်လာ ဘီလီယံ ၅ဝ ကို ပေးမည်မဟုတ်ဟု ခြိမ်းခြောက်ပြီးနောက် မိုက်ကယ်ရော့က ယခုကဲ့သို့  ပြောခြင်းဖြစ်သည်။              

Ref: Sputnik

Read 33 times Last modified on Wednesday, 12 June 2019 10:19