SJ WorldNews - шаблон joomla Авто

အကြမ်းဖက်သမား လေးဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး

Wednesday, 12 June 2019 10:20 font size decrease font size decrease font size increase font size increase font size

ဂျကာတာ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး

အင်ဒိုနီးရှားအကြမ်းဖက်တိုက်ဖျက်ရေး တပ်ဖွဲ့သည် ဂျကာတာမြို့တော်၌ အကြမ်းဖက်သမားဟု ယူဆရသူလေးဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၁ရက်တွင်ပြောသည်။

နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မည့် အခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူများက သတိပေးချက်ထုတ်ပြန်ပြီး သီတင်းတစ်ပတ်အကြာတွင် အဆိုပါအကြမ်းဖက် သမားများကို ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

အကြမ်းဖက်သမားသုံးဦးကို ဇွန် ၁ဝ ရက် တွင်လည်းကောင်း၊ ကျန်တစ်ဦးကို ဇွန် ၁၁ရက်အစောပိုင်းတွင်လည်းကောင်း ဖမ်းဆီး ထိန်းသိမ်းခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ  အေဆပ်အဒီဆာပူထရာက ပြောသည်။

ထို့နောက် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်မှုနှင့် ဆက်သွယ်မှုကွန်ရက်များကို ဖော်ထုတ်ရန် အဆိုပါသံသယရှိသူလေးဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းသည်။

Ref: Xinhua

..............

Read 63 times Last modified on Wednesday, 12 June 2019 10:20