SJ WorldNews - шаблон joomla Авто

တရုတ်၌ အာဖရိက ၀က်တုပ်ကွေးဖြစ်ပွားမှု လျော့ကျ၊ ၀က်သားများကို ပြန်လည်ထုတ်လုပ်

Friday, 05 July 2019 10:00 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ ကျန်းမာရေး

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၌အာဖရိက ၀က်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုသည်  သိသိသာသာလျော့ကျလာပြီး   ၀က်သား ထုတ်လုပ်မှုလုပ်ငန်းသည်လည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာကြောင်း  စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ   ဒုတိယ ၀န်ကြီးက ပြောသည်။

တရုတ်နိုင်ငံ၌ ၂၀၁၈ ခုနှစ် သြဂုတ်လမှ စ၍ အာဖရိက၀က်တုပ်ကွေးရောဂါကူးစက်မှု  ဖြစ်ပွားခြင်းဖြစ်သည်။  ထို့နောက် နိုင်ငံ တစ်ဝန်း၌ကူးစက်မှု ၁၄၃ ခုအထိရှိပြီး ၀က်အကောင်ရေ ၁ ဒသမ ၁၆ သန်းကို သုတ်သင် လိုက်ရသည်။

သို့သော်  ယခုနှစ်၏ ပထမခြောက်လ အတွင်း အဆိုပါရောဂါကူးစက်မှု ၄၄ ခုသာရှိကြောင်း  ဒုတိယ၀န်ကြီး ယူကန်ကျန်းက  ဇူလိုင် ၄ ရက်တွင် သတင်းထောက်များကိုပြောသည်။

လက်ရှိအချိန်တွင်အစိုးရအနေဖြင့် ရောဂါကူးစက်မှုဖြစ်ပွားသည် ဟူသော အွန်လိုင်း မှတစ်ဆင့်သတင်းပေး ပို့ချက်များကို စစ်ဆေး နေကြောင်းနှင့် ထိုသို့ရောဂါဖြစ်ပွားမှုကို သိလျက်နှင့် သတင်းမပို့သူမည်သူမဆို  ပြင်းပြင်းထန်ထန် အပြစ်ပေး ခံရမည်ဖြစ်ကြောင်း  ၎င်းက ဆက်ပြောသည်။

Ref: Reuters

Read 41 times Last modified on Friday, 05 July 2019 10:01