SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

လျောင်နင်ပြည်နယ်၌ လေဆင်နှာမောင်းတိုက်ခတ် ဆိုးရွားသည့် သဘာဝဘေးများ ထပ်မံဖြစ်ပေါ်နိုင်

Friday, 05 July 2019 11:26 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ      အရှေ့မြောက်ပိုင်းလျောင်နင်ပြည်နယ်၌    ဇူလိုင် ၃ ရက်တွင် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ရာ လူခြောက်ဦး သေဆုံးပြီး ၁၉ဝ ကျော်ဒဏ်ရာရရှိသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်သော    ဆိုးရွားသည့် သဘာဝဘေးများ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း   အစိုးရ မိုးလေဝသဌာနက ခန့်မှန်းထားသည်။

အဆိုပါ လေဆင်နှာမောင်းကြောင့် အိမ်ခြေ ၃၆ဝဝ နီးပါးပျက်စီးပြီး လူငါးသိန်းခန့် နေထိုင်သည့် ကိုင်ယွမ်မြို့ရှိ ဒေသခံပြည်သူ ၉၉ဝဝ ကျော်မှာ  ဘေးဒုက္ခခံစားရသည်။    ထိုသို့သော  လေဆင်နှာမောင်း တိုက်ခတ်မှုများသည် အဆိုပါဒေသ၌ ဖြစ်လေ့ဖြစ်ထမရှိကြောင်း Global Times သတင်းဌာနက ဖြော်ပသည်။

နိုင်ငံမြောက်ပိုင်းပြည်နယ်ဖြစ်သည့် ဟီပေးပြည်နယ် အစိုးရကမူ   ပြည်နယ်အတွင်းရှိ မြို့အများအပြား၌ အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်သည့်အတွက် ဇူလိုင် ၄ ရက်တွင် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

Ref: Reuters

Read 103 times Last modified on Friday, 05 July 2019 11:26