SJ WorldNews - шаблон joomla Авто

အိန္ဒိယ၌ ဆယ်စုနှစ်တစ်ခုကျော် အခွန်အများဆုံးပေးသူ ၁ဝ ဦးကို အဆောက်အအုံများ၊ လမ်းများ၊ မီးရထားများနှင့် အခြားနေရာများတွင် အမည်ပေး ဂုဏ်ပြုသွားမည်

Saturday, 06 July 2019 13:56 font size decrease font size decrease font size increase font size increase font size

အိန္ဒိယ၌ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အခွန်အများဆုံးပေးသူ ၁ဝ ဦးကို ဂုဏ်ပြုသည့် အနေဖြင့် အရေးကြီးသောအဆောက်အအုံများ၊ အထိမ်းအမှတ်အဆောက်အအုံများ၊ လမ်းများ၊ မီးရထားများနှင့် အခြားနေရာ များတွင်  ၄င်းတို့၏အမည်ကို ပေးမည်ဖြစ်ကြောင်း နှစ်စဉ်ထုတ်ပြန်မြဲဖြစ်သော စီးပွားရေး စစ်တမ်းတွင် ဖော်ပြ ထားသည်။

အခြားဆုလာဘ်များအနေဖြင့် လေဆိပ်နှင့်လူဝင်မှုကြီးကြပ်ရေး ကောင်တာရှိ လမ်းများ၏ အမည်များတွင်လည်း အဆိုပါ ၁ဝ ဦး၏အမည်ကို ပေးမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်ဟု စီးပွားရေး အကြံပေးတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

အခွန်ကောက်ခံခြင်းမှ ရရှိသောငွေများကို နိုင်ငံပိုင် အဆောက်အအုံများ တည်ဆောက်ရေး စီမံကိန်းများတွင် အသုံးပြုမည့်အပြင် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် အသုံးပြုမည်ဟု ဆိုသည်။

ထိုကဲ့သို့ ဂုဏ်ပြုမည့် အစီအစဉ်မှာ လူမှုအခြေအနေကို ဖော်ထုတ်ခြင်းဖြစ်သည့်အပြင် ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ ထို့ပြင် အခွန်ကို ရိုးသားစွာ ပေးဆောင်ခြင်းဖြင့် လူမှုစံနှုန်းကို ဂုဏ်ပြုခြင်းအတွက် ဝါဒဖြန့်ရာ ရောက်သည်ဟု အဆိုပါ အစီရင်ခံစာတွင်  ရေးသားထားသည်။

ယခုကမ်းလှမ်းချက်သည် စီးပွားရေး အမူအကျင့်ဆိုင်ရာ သီအိုရီကို အားပေးခြင်းဖြင့် လှုံ့ဆော်ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ တိုက်တွန်းခြင်းဖြင့် ကောင်းမွန်သော စီးပွားရေးနှင့် လူမှုရေးကို ပိုမိုကောင်းမွန်လာစေရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း  ၄င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

အခွန်အများဆုံး ပေးဆောင်သူကို မည်သည့်စံနှုန်းဖြင့် ရွေးချယ်မည်ကိုမူ ဖော်ပြထားခြင်း မရှိဟု သိရသည်။

Ref: CNA

Read 42 times Last modified on Saturday, 06 July 2019 13:56