SJ WorldNews - шаблон joomla Авто

နျူကလီးယားကင်းစင်ရေး လုပ်ငန်းစဉ်အစပိုင်းတွင် မြောက်ကိုရီးယားက နျူကလီးယား အစီအစဉ်ကို ရပ်တန့်ထားမည်ဟု မျှော်လင့်နေသည့် အမေရိကန်

Monday, 15 July 2019 09:22 font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား နျူကလီးယားကင်းစင်ရေးဆွေးနွေးပွဲများ  မကျင်းပမီ  နျူကလီးယားကင်းစင်ရေးလုပ်ငန်းစဉ်    အစပိုင်းတွင် မြောက်ကိုရီးယားအစိုးရအနေဖြင့် ၄င်းတို့၏ နျူကလီးယားအစီအစဉ်အား ရပ်တန့်ထားမည်ဟု အမေရိကန်အစိုးရက မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။

မြောက်ကိုရီးယားက ၄င်းတို့၏ နျူကလီးယားအစီအစဉ်အား ရပ်တန့်ထားခြင်းသည် နျူကလီးယားကင်းစင်ရေး လုပ်ငန်းစဉ် အစပိုင်းတွင် အမေရိကန်အစိုးရက တွေ့မြင်နိုင်ရန်  မျှော်လင့်နေသည့်  ကိစ္စရပ်တစ်ခုဖြစ်ကြောင်း  အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တာဂက်က ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသို့ ရပ်တန့်လိုက်ခြင်းသည် နျူကလီးယားကင်းစင်ရေးလုပ်ငန်းစဉ်၏   အစပင်ဖြစ်ကြောင်း ၄င်း ကဆက်ပြောသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏အဆိုပါပြောဆိုချက်သည်  အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား  သဘောထားကွဲလွဲမှုကြောင့် ရပ်တန့်နေရသည့် ဆွေးနွေးပွဲများ ပြန်လည်မစတင်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။

နှစ်နိုင်ငံကြား ရပ်တန့်နေသည့် ဆွေးနွေးပွဲများ   ပြန်လည်စတင်ရန်  အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က  ၄င်း၏ တောင်ကိုရီးယားခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင်  ကင်ဂျုံအွန်နှင့်  စစ်မဲ့ဇုန်၌ တွေ့ဆုံပြီးနောက်  နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်နှင့် အမေရိကန်သမ္မတထရမ့်တို့သည် ၄င်းတို့ကြားဒုတိယ အကြိမ် တွေ့ဆုံေ ဆွးနွေးပွဲကို  ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ယခုနှစ်ဖေဖော်ဝါရီလက ကျင်းပပြီးနောက် နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲများ  ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား နှင့် ဒုံးကျည်စမ်းသပ်မှုများကို ၂ဝ၁၇ ခုနှစ်ကတည်းက ရပ်တန့်ပစ်ခဲ့သော်လည်း ယင်းနိုင်ငံက  ဗုံးလောင်စာနှင့် ဒုံးကျည်များကို ဆက်လက်ထုတ်လုပ်ခြင်းအားဖြင့် လက်နက်ပိုင်ဆိုင်မှုကို ချဲ့ထွင်နေသည်ဟု အမေရိကန်အစိုးရအဖွဲ့မှ  အရာရှိများက  ယူဆနေကြသည်။

မြောက်ကိုရီးယားအနေဖြင့်  အဆိုပါလက်နက်ထုတ်လုပ်မှုကို    ရပ်တန့်ပစ်ရန် အမေရိကန်အစိုးရက  မျှော်လင့်လျက်ရှိ

သည်။ သို့သော် မြောက်ကိုရီးယားအစိုးရက နျူကလီးယားကင်းစင်ရေးကို  ဆက်လက်အကောင်အ ထည်မဖော်ဆောင်မီ  နိုင်ငံအပေါ်သို့    ချမှတ်ထားသည့်ပိတ်ဆို့မှု တချို့ကို  အမေရိကန်အစိုးရက ဖယ်ရှားပေးရန်    မျှော်လင့်လျက်ရှိသောကြောင့်    မကြာမီတစ်ကျော့ပြန်ကျင်းပမည့် မြောက်ကိုရီးယား-အမေရိကန်   နျူကလီးယား ကင်းစင်ရေးဆွေးနွေးပွဲများတွင်   နှစ်ဖက်အဖွဲ့အစည်းများကြား အလျှော့ပေးဆွေးနွေးမှုများ လုပ်ဆောင်မှသာ သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်မည်ဖြစ်ပြီး နျူကလီးယား ကင်းစင်ရေးကို   ရှေ့တိုးလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း    သုံးသပ်တင်ပြလိုက်ရပါသည်။

(Ref: Reuters)

Read 30 times