SJ WorldNews - шаблон joomla Авто

ကိုယ့်ကိုယ်ကိုယ် သတ်သေမှု များနေသည့် ရှောလေတပ် စခန်းကို သုံးရက်ပိတ်မည်

Monday, 26 August 2019 09:19 font size decrease font size decrease font size increase font size increase font size

ကိုလံဘီယာ၊ ပြည်တွင်းရေး

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနား ပြည်နယ်ရှိ ရှောလေတပ်စခန်း၌ ကိုယ့်ကိုယ် ကိုယ်သတ်သေမှုများပြား နေသည့် အတွက်   သြဂုတ်လနှင့်   စက်တင်ဘာလ အတွင်း  လေတပ်စခန်းကို သုံးရက်ပိတ်ရန်  တာဝန် ရှိသူများက စီစဉ် ထားကြောင်း သိရသည်။

ယခုနှစ် ဇန်န၀ါရီလမှ  ဇူလိုင်လအထိ  လေတပ်စခန်း အတွင်း၌ ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၇၉ ဦးအထိရှိလာပြီး ထိုပမာဏ သည် ပြီးခဲ့သည့်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါး များပြားလာသည်။  

ထို့ကြောင့်   ယခုနှစ်သည်  အလားတူ သတ်သေမှုအများဆုံးနှစ်ဖြစ်လာမည်ကိုတာဝန်ရှိသူများက    စိုးရိမ်သည့်အတွက်

လေတပ်စခန်း ကို ပိတ်ကာ အမှုထမ်းများကို အနားပေးရန်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း The  Post and Courier သတင်း စာက သြဂုတ်  ၂၅ ရက်တွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် ငါးနှစ်အတွင်း  ထိုလေတပ်စခန်း၌  ကိုယ့် ကိုယ်ကိုယ် သတ်သေသူ အရေအတွက်မှာ  ပျမ်းမျှအားဖြင့်  တစ်နှစ်လျှင်  အယောက်  ၁၀၀ နီးပါးရှိကြောင်း သိရသည်။

ယခုကဲ့သို့ဖြစ်ပျက်နေမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများဘက်က    တစ်စုံတစ်ရာ အရေးတယူဆောင်ရွက်မှုမရှိပါက ယခုနှစ် အတွင်း  ကိုယ့်ကိုယ်ကိုယ်သတ်သေသည့်   လေတပ်သားဦးရေမှာ ၁၅၀ မှ ၁၆၀ အထိ ရောက်ရှိလာနိုင်ကြောင်း   လေတပ်စခန်း အရာခံဗိုလ်တစ်ဦးဖြစ်သည့် ကာလက်ရိုက်ကပြောသည်။

အဘယ်ကြောင့်    ကိုယ့်ကိုယ်ကိုယ် သတ်သေမှုမြင့်တက် ရသည်ကိုမူ   ၎င်းကပြောခြင်းမရှိသော်လည်း အချို့မှာ သမီး ရည်းစား ပြဿနာများနှင့်  စည်းကမ်းကို မလိုက်နာ နိုင်မှုများကြောင့် ဖြစ်သည်ဟု ပြောကြောင်း သိရသည်။      

Ref: Sputnik

Read 77 times Last modified on Monday, 26 August 2019 09:23