SJ WorldNews - шаблон joomla Авто

အမေရိကန်က မှားယွင်းသော လုပ်ဆောင်ချက်ကို မရပ်လျှင် အကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟု တရုတ်သတိပေး

Monday, 26 August 2019 09:23 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ ကုန်သွယ်ရေး

အမေရိကန်ဒေါ်လာ  ဘီလီယံ  ၅၅၀တန်ဖိုးရှိသည့် တရုတ်သွင်းကုန်များအပေါ် စည်းကြပ်အခွန်တိုးမြှင့်ကောက်ခံသည့် အမေရိကန်အနေဖြင့်   ထိုကဲ့သို့မှားယွင်းသော လုပ်ဆောင်မှုများကို   ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် ထိုလုပ်ရပ်များကိုမရပ် တန့်ပါက အကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း တရုတ်အစိုးရက သြဂုတ် ၂၄ ရက် တွင် သတိ ပေးသည်။

တရုတ် အစိုးရက ဒေါ်လာ ၇၅ ဘီလီယံ တန်ဖိုးရှိ အမေရိကန်သွင်းကုန်များအပေါ် စည်းကြပ်အခွန်တိုးမြှင့် ကောက်ခံ သွားမည် ဖြစ်ကြောင်းကြေညာပြီးနောက်  နာရီပိုင်း အကြာတွင် အမေရိကန်သမတ ဒေါ်နယ် ထရမ့်က တရုတ်သွင်း ကုန်များကို စည်းကြပ် အခွန်တိုးမြှင့်ကောက်ခံသွားမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။  ထို့နောက်  တရုတ် ကုန်သွယ်ရေး ၀န်ကြီးဌာနက  ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်။

တစ်ဖက်သတ်ဖြစ်ပြီး အနိုင်ကျင့်သော ကုန်သွယ်ရေးကာကွယ်မှုမူဝါဒနှင့် အလွန်အကျွံဖိအားပေးခြင်းသည်    နှစ်နိုင်ငံ

ခေါင်းဆောင် များ၏  သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း၊ အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန် အကျိုးရှိမှု တို့၏ အခြေခံသဘောတရားကိုလည်း ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက  နိုင်ငံပေါင်းစုံ ပါဝင်သော ကုန်သွယ်ရေးစနစ် နှင့် ပုံမှန်နိုင်ငံတကာကုန်သွယ်ရေးအစီအစဉ်တကျရှိမှုကို ဆိုးရွားစွာပျက်စီးစေခြင်းဖြစ် ကြောင်း တရုတ်ကုန်သွယ်ရေး ၀န်ကြီးဌာန၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: Reuters

Read 85 times Last modified on Monday, 26 August 2019 09:26