SJ WorldNews - шаблон joomla Авто

ဇင်ဘာဘွေခေါင်းဆောင်ဟောင်း ရောဘတ်မူဂါဘီ အသက် ၉၅ နှစ်တွင်ကွယ်လွန်

Saturday, 07 September 2019 11:01 font size decrease font size decrease font size increase font size increase font size

ဇင်ဘာဘွေခေါင်းဆောင်ဟောင်းရောဘတ်မူဂါဘီသည် အသက် ၉၅ နှစ်တွင်ကွယ်လွန်သွားပြီဖြစ်ကြောင်း လက်ရှိသမ္မတအမ်မာဆန်နန်ဂါဝါက စက်တင်ဘာ ၆ ရက်တွင် ပြောသည်။

ဇင်ဘာဘွေ လွတ်လပ်ရေး ခေါင်းဆောင်နှင့် သမ္မတဟောင်း ရောဘတ်မူဂါဘီ၏ နာရေးသတင်းကို ကြေညာရသည့် အတွက် အလွန် စိတ်မကောင်းဖြစ်ရကြောင်း သမ္မတနန်ဂါဝါကဆက်ပြောသည်။

ရောဘတ်မူဂါဘီသည် ဇင်ဘာဘွေ ပြည်သူများကို   နယ်ချဲ့လက်အောက်မှ လွတ်မြောက်စေရန်အတွက် ၄င်း၏ဘဝ တစ်ခုလုံးကိုနှစ်မြှုပ်၍ ကြိုးပမ်းခဲ့သူဖြစ် ကြောင်း၊ နိုင်ငံနှင့်အာဖရိကတိုက်အတွက်  ၄င်း၏ကြိုးပမ်းခဲ့ပုံများကို မည်သည့်အခါမျှ  မေ့နိုင်မည်မဟုတ်ကြောင်း သမ္မတနန်ဂါဝါ ကပြောသည်။

မူဂါဘီသည် ကျန်းမာရေးချို့ယွင်းသဖြင့် စင်ကာပူနိုင်ငံ၌ လပေါင်းများစွာကြာအောင် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူနေရ ကြောင်း နန်ဂါဝါက ယခုနှစ်အစောပိုင်းတွင် အတည်ပြုထားသည်။

နောက်ပိုင်းတွင် ၄င်း၏ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိပေ။

မူဂါဘီသည် စင်ကာပူနိုင်ငံ၌ပင် ကွယ်လွန် သည်ဟုယူဆရကြောင်း   သတင်းအရင်း အမြစ်များ၏ ပြောဆိုချက်ကို ကိုးကား၍  Reuters  သတင်းဌာနက ဖော်ပြသည်။

၎င်းသည် ဧပြီလကတည်းက စင်ကာပူ နိုင်ငံ၌   ဆေးဝါးကုသမှုခံယူခဲ့ခြင်းဖြစ် သည်။ ဇင်ဘာဘွေလွတ်လပ်ရေးခေါင်းဆောင် ရောဘတ်မူဂါဘီ ကွယ်လွန်သည့်အတွက် မိသားစုနှင့်အတူ    စိတ်မကောင်းဖြစ်ရ ကြောင်း ၄င်းဆေးကုသမှုခံယူနေသည့်  ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ရောဘတ်မူဂါဘီသည် ဇင်ဘာဘွေနိုင်ငံကို ဆယ်စုနှစ် လေးခုနီးပါးကြာ အုပ်ချုပ်ခဲ့ ကြောင်း သိရသည်။

Ref: The Straits Times

Read 18 times