SJ WorldNews - шаблон joomla Авто

လျှပ်စစ်စွမ်းအင်သုံးသယ်ယူပို့ဆောင်ရေးယာဉ်များအစားထိုးအသုံးပြုလာသည့် အာရှနိုင်ငံများ

Saturday, 07 September 2019 11:10 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ရာသီဥတု ဆိုးဝါးစွာပြောင်းလဲလာရသည့်အကြောင်းရင်းများတွင် လေထု ညစ်ညမ်းမှုသည်လည်း  အဓိကကျသော အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်လာ သည်။ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထွက်ရှိမှုကြောင့်ဖြစ်သည်။

ကာဗွန်ဒိုင်အောက်ဆိုက်   ဓာတ်ငွေ့ အများဆုံးထွက်ပေါ်လာရခြင်းမှာ ရုပ်ကြွင်း လောင်စာသုံးစက်ရုံ၊ အလုပ်ရုံများ၊ ဓာတ် အားပေးစက်ရုံများ၊ မော်တော်ယာဉ်များမှ အပြင် တောမီးလောင်မှု၊ အမှိုက်များမီးရှို့ မှုနှင့် အဆိုပါဓာတ်ငွေ့ကို ပြန်လည်စုပ်ယူကာ  အောက်ဆီဂျင် ထုတ်ပေးနိုင်မည့်  သစ်တောများ    ရှားပါးလာမှု ကြောင့် ဖြစ်သည်။

ထိုအထဲတွင်  အများပြည်သူသယ်ယူ ပို့ဆောင်ရေးအတွက် မဖြစ်မနေအသုံးပြု နေရသည့် ရုပ်ကြွင်း လောင်စာသုံးမော်တော် ယာဉ်များမှ     ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထွက်ရှိမှုက အများဆုံးဖြစ်သည်။ ယခုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ၂ဝ၃ဝ  ပြည့်နှစ်အရောက်တွင်  ဖွံ့ဖြိုးဆဲ အာရှဒေသမှ     ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထွက်ရှိမှုက    ကမ္ဘာပေါ်တွင် အများဆုံးဖြစ်လာမည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် အာရှဒေသသည် ဖန်လုံအိမ် ဓာတ်ငွေ့ထွက်ရှိမှုကိုလျှော့ချရမည့် အဓိက ဒေသဖြစ်လာသည်။ ထိုသို့အခရာကျလာ သည့်နည်းတူ  အာရှဒေသရှိ  နိုင်ငံခုနစ် နိုင်ငံသည် ပဲရစ်ရာသီဥတုသဘောတူညီ ချက်အရ    သယ်ယူပို့ဆောင်ရေး ကဏ္ဍမှ  ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထွက်ရှိ မှုကို   ကန့်သတ် ထိန်းချုပ်မှုများ လုပ်လာ သည်သာမက နိုင်ငံအများအပြားကလည်း အလားတူဆောင်ရွက်မှုမျိုးကိုလုပ်ဆောင် လာသည်။

အထူးသဖြင့် အာရှဒေသတွင်းရှိ ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအများဆုံးသော တရုတ်နိုင်ငံက ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထွက်ရှိမှုထိန်းချုပ်ရေးဆောင်ရွက် ချက်များကို အဓိကလုပ်ဆောင်လာခြင်းဖြစ် သည်။

တရုတ်နိုင်ငံ     အရှေ့တောင်ပိုင်းရှိ ရှင်းကျန့်မြို့တာဝန်ရှိသူများက ၄င်းတို့မြို့ရှိ ဘတ်စကားအစီးပေါင်း ၁၆ဝဝဝ ကျော်ကို သမားရိုးကျရုပ်ကြွင်းလောင်စာသုံးမှ  လျှပ်စစ်စွမ်းအင်သုံးအဖြစ်   ပြောင်းလဲခဲ့ သည်။ ထိုသို့ပြောင်းလဲမှုသည် ကမ္ဘာပေါ် တွင် အကြီးမားဆုံးဖြစ်သည်။

ထိုင်းနိုင်ငံကလည်း ဘန်ကောက်မြို့ရှိ တူးမြောင်းများတွင်  ခုတ်မောင်းသွားလာ နေသည့်  ဒီဇယ်စွမ်းအင်သုံးကူးတို့ယာဉ်များကို  လျှပ်စစ်စွမ်းအင်သုံးကူးတို့ယာဉ် များအဖြစ်ပြောင်းလဲရန် စမ်းသပ်နေသည်။ အိန္ဒိယနိုင်ငံကတော့  ၂ဝ၃ဝ  ပြည့်နှစ်အရောက်တွင်    တစ်နိုင်ငံလုံး   လျှပ်စစ်

စွမ်းအင်သုံးယာဉ်များအသုံးပြုရန် ပို့ဆောင် ရေးဝန်ကြီးက တောင်းဆိုထားသည်။ ပူပြင်းလှသောရာသီဥတု၏ ပြင်းထန် လှသောရိုက်ခတ်မှုဒဏ်ကိုခံစားနေရသည့်  ဖိလစ်ပိုင်နိုင်ငံသည် ထောင်ပေါင်းများစွာ သောပြည်သူများအနေဖြင့် သွားလာရေးတွင် အဓိကမှီခိုနေရသော လုပ်ငန်းသုံးဂျစ်ကားများကို သန့်ရှင်းသောစွမ်းအင် အသုံးပြုစေရေးအတွက်  အလောတကြီးဆောင်ရွက် နေသည်။

ပါကစ္စတန်နိုင်ငံ   ခိုင်ဘာပက်တန်ခွာ ပြည်နယ်တွင်ဆိုလျှင် ပန်းရောင်ဘတ်စကား များကိုအသုံးပြုနေသည်။  ထိုဘတ်စကားများသည် ကုလသမဂ္ဂ၏ငွေကြေးထောက်ပံ့မှုဖြင့်ရရှိထားခြင်းဖြစ်ပြီး စွမ်းအင်နှစ်မျိုးစပ် သို့မဟုတ် သန့်ရှင်းသောဒီဇယ်နည်းပညာကိုအသုံးပြုထားသည်။ အဆိုပါဘတ်စကားများသည် ကျောင်းသူများနှင့် အမျိုးသမီးများအတွက်သာ    ရည်ရွယ်ထားခြင်းဖြစ်သည်။  အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးများသည်  တခြားသူများ၏  ထိပါး နှောင့်ယှက်မှု မခံရစေရေးအတွက် အလွန်ဈေးကြီးသော  ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး စနစ်အပေါ်  မှီခိုနေရခြင်းကြောင့်ဖြစ်သည်။

Ref: Reuters

Read 21 times