SJ WorldNews - шаблон joomla Авто

ဂျပန်၌ ဖာဟိုင်တိုင်ဖွန်းမုန်တိုင်းတိုက်ခတ် တစ်ဦးသေဆုံး လူ ၄ဝ ကျော်ဒဏ်ရာရ

Tuesday, 10 September 2019 09:24 font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံ တိုကျိုမြို့၌ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ဖာဟိုင်တိုင်ဖွန်း မုန်တိုင်းတိုက်ခတ်ကြောင်းနှင့် တစ်ဦးသေဆုံးပြီး ကုန်းလမ်းပို့ဆောင်မှုများ နှောင့်နှေးသွားကြောင်း သိရသည်။

တိုကျိုမြို့၌ မုန်တိုင်းတိုက်ခတ်ပြီးနောက် နာရီပိုင်းအကြာတွင် အပူချိန်မှာ ၃၇ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာသဖြင့် အပူလှိုင်းဖြတ်မှု သတိပေးချက်ထုတ်ပြန်ထားသည်။ ဖာဟိုင်မုန်တိုင်းသည် ဂျပန်နိုင်ငံ အတွက် ယခုရာသီအတွင်း ၁၅ ခုမြောက် မုန်တိုင်းဖြစ်သည်။   မုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြီး လျှပ်စစ်ဓာတ် အားပြတ်တောက်မှုများ ဖြစ်ပွားသည့်အပြင် နံရံတံတိုင်းများနှင့်   ငြမ်းများပြိုကျခြင်း၊ အဆောက်အအုံ အမိုးလန်ခြင်းတို့ဖြစ်ပွားသည်။

လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အသက် ၅ဝ ကျော် အမျိုးသမီးတစ်ဦးသည် အဆောက်အအုံနှင့်တိုက်မိပြီး   သေဆုံး သည်။ ထို့ပြင်  လူ ၄ဝ ကျော်ဒဏ်ရာရရှိ ပြီး ၄င်းတို့အနက် အသက် ၂ဝ ကျော်ရှိ မိန်းကလေးတစ်ဦးမှာ   ဒဏ်ရာပြင်းထန်သည်။

ဖာဟိုင်မုန်တိုင်းသည် တိုဟိုကုဒေသကို  တစ်နာရီလျှင် လေတိုက်နှုန်း ၂၅ ကီလိုမီတာဖြင့် တိုက်ခတ်ပြီးနောက် စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းတွင် ပစိဖိတ်သမုဒ္ဒရာ အတွင်းသို့ ဝင်ရောက်သွားသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့်    ဒေသခံ ၃၉ဝဝဝဝ ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးရန် သတိပေးချက်ထုတ်ပြန်ရပြီး နေအိမ်  ၉၃၄ဝဝဝ  ခန့် လျှပ်စစ်မီးပြတ်တောက်ကြောင်း သိရသည်။

Ref: The Straits Times

Read 50 times Last modified on Tuesday, 10 September 2019 09:26