SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယားက နျူကလီးယား ကင်းစင်ရေး ဆွေးနွေးပွဲများ ပြန်စရန် ဆန္ဒရှိ

Wednesday, 11 September 2019 10:31 font size decrease font size decrease font size increase font size increase font size

ဆိုး၊ နိုင်ငံရေး

အမေရိကန် အစိုးရနှင့်   နျူကလီးယား ကင်းစင်ရေး ဆွေးနွေးပွဲများ  ပြန်လည်စတင်ရန် ဆနရှိကြောင်း မြောက်ကိုရီး ယား အစိုးရက စက်တင်ဘာ ၁၀ ရက်တွင်  ပြောသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့်  အမေရိကန်နှင့် ပြည့်စုံကျယ်ပြန့်သည့်စေ့စပ်ဆွေး နွေးပွဲများ ပြန်စရန် ဆန ရှိနေသည် ဟု မြောက်ကိုရီးယား  ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီးကပြောခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါဆွေးနွေးပွဲကို   စက်တင်ဘာလနှောင်းပိုင်းတွင်ပြုလုပ်ရန် ဆန္ဒရှိနေပြီး  နှစ်နိုင်ငံသဘော တူညီချက် ချမှတ်ပြီးနောက် အချိန်နှင့်နေရာကိုဆုံးဖြတ်မည်ဖြစ်ကြောင်း  မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယားနှင့် အမေရိကန် တို့ကြား နျူကလီးယား ကင်းစင်ရေး ဆွေးနွေးပွဲများ ရပ်တန့်ချိန်မှ စ၍  မြောက်ကိုရီး ယား အစိုးရသည်   ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု ရှစ်ကြိမ်လုပ်ဆောင်ထားပြီးဖြစ်သည်။

မြောက်ကိုရီးယား၏ အဆိုပါ လုပ်ဆောင်ချက်များသည် ကိုရီးယား ကျွန်းဆွယ်ရှိ တင်းမာမှုများကို လျော့ကျစေရန် အထောက်အကူပြု မည် မဟုတ်သောကြောင့် ထိုလုပ်ဆောင် ချက်များကို ရပ်တန့်ရန် တောင်ကိုရီးယားက တောင်းဆို ထားသည်။

Ref: Reuters

Read 7 times Last modified on Wednesday, 11 September 2019 11:43